Chapter - 44

18.4K 1.3K 345
                                    

အက်စ်ဟာ တစ်ဖက်လူ၏ နှုတ်ဖျားမှထွက်လာသော အတိုကောက်နာမည်ကို ထင်ထင်ရှားရှားကြားလိုက်ရသည်မို့ မျက်မှောင်တို့အား တွန့်ချိုးလိုက်မိ၏။ 'ဈာန်' ဟူသည့် နာမည်က သူနားကြားလွဲစရာအကြောင်းမရှိသလို သူတို့နှစ်ယောက်စလုံးသိသော အဆိုပါနာမနှင့်လူဟာလည်း တစ်ယောက်တည်းသာ ရှိသည်။

ရတုသည်ကား ဆက်လက်၍ယောင်နေခြင်းမရှိတော့ဘဲ ငြိမ်သက်စွာ အိပ်ပျော်နေတော့ပြီပင်။ သို့ပေသည့် အက်စ်တစ်ယောက်ကတော့ သူလုပ်နေသော ရေပတ်တိုက်ပေးခြင်းအလုပ်အား ဆက်၍လုပ်ပေးနေဆဲ။ တစ်ဖန် အဝတ်ကင်းမဲ့နေသူကို ပေါ့ပေါ့ပါးပါးအဝတ်အစားတို့အား ဝတ်ဆင်ပေးလိုက်ပြီးမှ သူသည်လည်း တစ်ဖက်လူ၏နံဘေး ဝင်လှဲလိုက်တော့၏။

"ဈာန်.. မသွားပါနဲ့.. ငါတောင်းပန်ပါတယ်"

ရတုဟာ တစ်ကြိမ်သာ ယောင်ခဲ့ခြင်းဖြစ်သော်ငြား အက်စ်၏အာရုံထဲတွင်တော့ အဆိုပါအသံကို အကြိမ်ကြိမ်ကြားနေရပါသည့်နှယ်။

နံနက် ၅ နာရီ ထိုးသွားလေပြီ။

ယခုအချိန်အထိ အက်စ်တစ်ယောက် အိပ်မပျော်ပါသေးချေ။ သူ၏လက်မောင်းတစ်ဖက်ဟာ အိပ်ပျော်နေသူ၏ ဦးခေါင်းအောက်တွင် ရှိနေပြီး နောက်လက်ဖျံတစ်ဖက်ကတော့ သူကိုယ်တိုင်၏ နဖူးထက်၌ ရှိ၏။

ယမကာများစွာသောက်ပြီးနောက် သဘောကျရသူနှင့် ကိုယ်လက်နှီးနှောအပြီး ယခုကဲ့သို့ နဖူးပေါ်လက်တင်ကာ အိပ်မရနိုင်ဖြစ်နေသည်မှာ သည်တစ်ကြိမ်သာ ရှိဖူးပါသည်။

နံနက် ၅ နာရီ ခွဲသွားသည့်အခါတွင်တော့ သူ့ကဲ့သို့ တစ်စုံတစ်ခုကို အစသိရလျှင် အဆုံးအထိသိချင်သော စရိုက်ရှိသူအနေနှင့် ဘယ်လိုမှ ဆက်ငြိမ်ငြိမ်မနေနိုင်ပါတော့ချေ။ သို့ဖြစ်ရာ တစ်ဖက်လူ၏ ဦးခေါင်းအား လက်မောင်းထက်မှ ခေါင်းအုံးထက်သို့ သေချာနေရာရွှေ့လိုက်ပြီးနောက် ကမ္ဘာ၏ သီးသန့်နယ်မြေစက်ဝန်းထဲသို့ ဝင်သွားလိုက်လေ၏။

တစ်ဖက်ကမ္ဘာ၏ ကောင်းချီးခံဝိဉာဉ်ဖြစ်သော ဂျိုးဇက်သီဟဦးက တတိယသခင်လေးနှင့် ဆက်လက်အတူရှိဖို့ ရွေးချယ်လိုက်သောကြောင့် သည်ကမ္ဘာ၏ အစောင့်အရှောက်အဖွဲ့အစည်းခေါင်းဆောင်ဟာ တစ်ဖက်ပုဂ္ဂိုလ်များနှင့်မကြာခဏတွေ့ဖြစ်သော အက်စ်နှင့်စစ်တောင်းတို့ကို အထူးစွမ်းရည်များ ဆက်လက်ဖွင့်ပေးထားသည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Onde histórias criam vida. Descubra agora