Chapter - 38

15.6K 1.1K 170
                                    

တစ်ခါမှမမျှော်လင့်ထားသော အခြေအနေတစ်ခုကို ရင်ဆိုင်လိုက်ရခြင်းမို့ ဂျိုးဇက်ရော၊ သျှန်ယုပါ နေရာမှ နောက်သို့ အနည်းငယ်ဆုတ်လိုက်မိကြသည်အထိ။

ပတ်ဝန်းကျင်မှလူများအားလုံးသည်လည်း ထိုမြင်ကွင်းကို ကြောင်ငေးနေကြလျက်ရှိ၏။ စင်စစ် သူတို့ဟာ တစ်ခုခုပြောချင်၊ လုပ်ချင်စိတ် ရှိနေကြပါသော်ငြား ဤစက္ကန့်ပိုင်းအတွင်း ဘာပြောရမှန်းမသိသလို၊ ဘာလုပ်ရမည်ဆိုတာလည်း မစဉ်းစားမိကြပါချေ။

"အန်တီ၊ ဒီလိုမလုပ်ပါနဲ့၊ အရင်ဆုံး ထပါ၊ ထပြီးမှ ကျွန်တော်တို့ စကားပြောကြတာပေါ့"

အားလုံးထဲ၌ ဂျိုးဇက်နောက်တွင်ရှိနေသော သျှန်ယုက ပထမဆုံး အသိဝင်လာပြီးနောက် ရှေ့သို့ အမြန်ထွက်သွားပြီး ဒူးထောက်နေသည့် ဒီယမ့်မိခင်အား မတ်တပ်ရပ်စေရန် အသာတွဲထူပေးလိုက်ရင်းမှ ယင်းသို့ဆိုလိုက်ခြင်း။

ထိုစဉ် သျှန်ယု၏အသံနောက် အနားမှလူများဟာလည်း အသိပြန်ဝင်လာကြပြီး ချက်ချင်းဆိုသလို သူတို့အနားသို့ လူများဝိုင်းလာကြလေသည်။

ဂျိုးဇက်ကတော့ ချစ်သူ သူ့နောက်မှ ထွက်လိုက်ကတည်းက အသိပြန်ရှိနေပြီဖြစ်ပါသည့်တိုင် မလှုပ်မယှက်အနေအထားနှင့်ပင် ရှေ့ရှိမြင်ကွင်းကို စိုက်ကြည့်နေဆဲ။

ဒီယမ့်မိခင်သည်ကား သျှန်ယု၏ တွဲထူမှုနောက် မတ်တပ်ရပ်လိုက်ပြီးသည်နှင့် အခြားလူများကို ဂရုမစိုက်ဘဲ ဂျိုးဇက်၏မျက်နှာကိုသာ မော့ကြည့်လိုက်သည်။ သူ(မ)၏မျက်နှာဟာ မိခင်တစ်ယောက်၏ ပူဆွေးသောကတို့နှင့် ပြည့်နှက်နေပြီး တစ်ဖက်လူသာမရှိလျှင် အခြားသောကူကယ်ရာတို့ မရှိတော့သည့်နှယ်။

အသက် ၄၀ ကျော် အမျိုးသမီးသည် ဤသို့သောကများဝေနေသည့်ကြားမှပင် လှပနေဆဲဖြစ်ပြီး သူ(မ) ဟာ ဂျိုးဇက်ကိုကြည့်လိုက်ရင်းမှ မျက်ရည်တို့ ပိုးပိုးပေါက်ပေါက်ကျလာလျက်...

"အခု အန်တီတို့ဒီယမ်လေးက ဆေးရုံမှာပါ၊ ကလေးက Gland အရမ်းအားနည်းနေတာမလို့ Pheromones ယိုစိမ့်မှုဖြစ်တာ ဒါနဲ့ဆို သုံးကြိမ်ရှိပါပြီ၊ ပထမနှစ်ကြိမ်တုန်းက သူနဲ့ ၉၂ ရာခိုင်နှုန်း ကိုက်ညီမှုရှိတဲ့ ဆရာဝန်တစ်ယောက်က နှစ်သိမ့်ကုသပေးခဲ့တာမလို့ အဆင်ပြေခဲ့ပါတယ်၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ၉၆ ရာခိုင်နှုန်းကိုက်ညီတဲ့ နောက်တစ်ယောက်ကို ထပ်ရှာတွေ့ခဲ့တာတောင် အဆင်မပြေသေးပါဘူး"

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now