Chapter - 23

18.3K 1.4K 278
                                    

အယ်လ်ဖာတစ်ယောက်၏ Rut ကာလသည်ကား ပြင်းထန်လျှင် ပြင်းထန်သလောက် အနီးအနားရှိအိုမီဂါများကို Heat ဝင်လာစေနိုင်သည်အထိ အစွမ်းသတ္တိရှိပါ၏။ သို့ဖြစ်ရာ ယခုည ၇နာရီခွဲအချိန်၌ လောင်းကစားရုံအတွင်းနှင့် အနီးတစ်ဝိုက်ရှိ အိုမီဂါများအားလုံးဟာ အပြေးအလွှားဖြစ်ကုန်ကြတော့ပြီး အ​ခြေအနေက အတော်လေးကို ယောက်ယက်ခတ်ကုန်ကြပါတော့သည်။

“ငိုးပဲ! Rut ဝင်နေတဲ့ အယ်လ်ဖာကို အမြန်ရှာပြီး ခေါ်ထုတ်သွားကြပါဟ!! ကြာရင် အခြားအယ်လ်ဖာတွေပါ သောင်းကျန်းကုန်တော့မယ်!!”

ယင်းမှာ အပြေးအလွှားဖြစ်နေကြသော လူအုပ်ကြီးကြားမှ အမျိုးသားတစ်ယောက်၏ အော်ဟစ်လိုက်သံ ဖြစ်သည်။

သူပြောသည်မှာလည်း အမှန်ပင်ဖြစ်၏။ အကြောင်းမူကား အယ်လ်ဖာတစ်ယောက်၏ Rut ကာလ၌ထွက်သော Pheromones များဟာ သာမန်ထက်ပို၍ ပြင်းထန်လွန်းလှသည်မို့ ယင်းတို့က အိုမီဂါများအပေါ် သက်ရောက်မှုရှိစေရုံသာမက အယ်လ်ဖာများ၏ စိတ်များကိုပါ ကယောက်ကယက် ဖြစ်စေနိုင်ပါသည်။

အထူးသဖြင့် အယ်လ်ဖာအချင်းချင်း၏ Pheromones များ ထိပ်တိုက်တွေ့ဆုံကြသောအခါ ဒေါသလှိုင်းများကို ထုတ်လွှတ်ပေးနိုင်ပြီး ယင်းဖြစ်စဉ်ကြောင့် အယ်လ်ဖာများ စိတ်လွတ်သွားကြပါမူ သူတို့ဟာ အဆိုးရွားဆုံး ဖျက်ဆီးရေးသမားများ ဖြစ်သွားတတ်ကြပါ၏။

ရုတ်တရက်ကြီး ဖြစ်သွားခဲ့သော အခြေအနေကြောင့် ရတုသည်လည်း သူ့ကိုယ်သူ ထိန်းချုပ်နေရပါသလို သူနှင့်ရန်ဖြစ်နေကြသော အယ်လ်ဖာတစ်သိုက်ဟာလည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်လိုက်ကြရ၍ ရတုဘက်သို့ ခဏတာ အာရုံမရောက်နိုင် ဖြစ်သွားခဲ့ကြသည်။ သူတို့ဟာ ရတုက သူ့ကိုယ်သူ ထိန်းချုပ်နေဟန်ရှိသည်ကို သတိထားမိနေကြပါသော်ငြား Rut ဝင်နေခြင်းကြောင့်ဖြစ်သည်ဟူ၍ မထင်ဘဲ သူတို့ကဲ့သို့ပင် အခြားအယ်လ်ဖာ၏ Rut မှ ထွက်လာသော Pheromones များကို တောင့်ခံနေခြင်းသာဖြစ်သည်ဟူ၍ ထင်နေခဲ့ကြခြင်းပါပင်။

ထိုစဉ်၌ ရတု၏ Pheromones များကို သိနေသော အက်စ်ဟာတော့ သူ့ကိုယ်သူလည်း ထိန်းချုပ်ထားရင်း လူအုပ်ကြီးထဲမှ အတင်းတိုးထွက်နေရလေ၏။ သူ၏ဦးတည်ရာက Rut ဝင်နေသူထံသို့ ဖြစ်ပါသော်ငြား ပတ်ဝန်းကျင်မှ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသူများကြောင့် ခြေလှမ်းတို့က ရှေ့မရောက်နိုင်ပါတော့ချေ။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now