Chapter - 60

17.1K 1.1K 280
                                    

“ကိုငယ်၊ ဘာဖြစ်လို့လဲ”

ငိုနေရာမှ ရုတ်ချည်းရပ်သွားပြီး တအံ့တဩဟန်ဖြစ်သွားသူကြောင့် ဂျိုးဇက်က ငုံ့ကြည့်ကာ စိုးရိမ်တကြီးမေးလိုက်ခြင်း။ သို့ပေသည့် သျှန်ယုက သူ့အမေးကို ချက်ချင်းမဖြေနိုင်ပါချေ။

ထို့နောက် သျှန်ယုလုပ်လိုက်သည်မှာ ခင်ပွန်းဖြစ်သူ၏ ကုတ်အင်္ကျီကြယ်သီးတို့အား ဖြုတ်လိုက်ခြင်း။ တစ်ဖန် သူက Necktie ကိုလည်း ဆွဲဖြည်လိုက်ပြီး ရှပ်အင်္ကျီမှ ကြယ်သီးတစ်ဝက်လောက်ကိုပါ ထပ်ဖြုတ်လိုက်သေး၏။

ဂျိုးဇက်တစ်ယောက် သျှန်ယု၏လုပ်ရပ်တို့ကြောင့် ဘာပြောရမှန်းမသိဘဲ စောင့်ကြည့်ရုံသာ စောင့်ကြည့်နေလိုက်သည်။ သျှန်ယုကလည်း နှုတ်ဆိတ်စွာပင် လုပ်ချင်တာကိုသာ ဆက်လုပ်နေ၏။

အင်္ကျီကြယ်သီးအချို့ကို ဖြုတ်ပြီးသည့်နောက် သျှန်ယုဆက်လုပ်လိုက်သည်မှာ ခင်ပွန်းဖြစ်သူ၏ ဘယ်ဘက်ရင်ဘတ်တစ်ခြမ်းလုံး ပေါ်လာသည်အထိ ရှပ်အင်္ကျီအား ဘေးဘက်သို့ ဆွဲချလိုက်ခြင်း။ ထိုအခါ Alpha Pheromone Gland ကပါ ပေါ်လာသည်မို့ ဂျိုးဇက်၏ပင်လယ်ရနံ့တို့က ပို၍ထင်ထင်ရှားရှား ထွက်ပေါ်လာကြသည်။

သျှန်ယု၏အကြည့်တို့ဟာ အဆိုပါပင်လယ်ရနံ့တို့ စိမ့်ထွက်လာရာနေရာထက် စူးစူးစိုက်စိုက်ဖြစ်နေပြီး သူ၏မျက်နှာလေးကလည်း တလေးတနက်ဟန် ဖြစ်နေ၏။ သူသည် ညာဘက်လက်ဖြင့် ကြွက်သားတို့ရှိနေသော ရင်အုပ်တစ်ခြမ်းထက် ခပ်ဖွဖွလေး ကိုင်လိုက်မိသည်။ ထိုစဉ်၌ သူ၏လက်ချောင်းသွယ်လေးများက အနည်းငယ်တုန်ယင်နေပြီး တစ်ဆက်တည်းမှာပင် မျက်ရည်တို့ကပါ ဝဲလာကြပါသလို။

“ကိုငယ်..”

“မောင် ကိုယ်လေ..”

ဂျိုးဇက်က စကားစဖို့လုပ်လိုက်သည်ကို သျှန်ယုက ငိုသံလေးနှင့် ဖြတ်ပြောလိုက်ခြင်းမို့ ဂျိုးဇက်က စကားကိုရပ်ပေးလိုက်ပြီးနောက် အလိုက်သင့်သာ ပြန်တုံ့ပြန်လိုက်သည်။

“အင်း”

ထိုအခါ သျှန်ယု၏ မျက်ရည်တို့ဝဲနေသော မျက်ဝန်းလေးများက ခင်ပွန်းဖြစ်သူ၏ တည်ကြည်လေးနက်ဟန်ရှိပြီး စိုးရိမ်နေဟန်တို့လည်းရှိနေသော မျက်ဝန်းတို့နှင့် ဆုံသွားပြီးနောက် အနည်းငယ်အဖျားခတ်နေသော အသံလေးနှင့် ဆက်ပြောလိုက်၏။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now