Chapter - 21

16.4K 1.1K 219
                                    

သျှန်ယုဟာ ဘောလုံးကွင်းဆီသို့ စားသောက်စရာအပြည့်အစုံဖြင့် လိုက်လာခဲ့ခြင်း ဖြစ်၏။ ကွင်း၏ပတ်လည်၌ သူ့ကဲ့သို့ပင် ဘောလုံးပွဲလာကြည့်ကြသော အခြားလူများလည်းရှိကြပြီး ထိုသူတို့ဟာ Gender အစုံမှ ဖြစ်ကြသည်။ အားလုံးက ရပ်ကွက်ထဲမှချည်း ဖြစ်ကြသောကြောင့် သျှန်ယုနှင့် စိမ်းမနေကြပါချေ။

"ယုယု! ဒီနားကိုလာလေ၊ ကျွန်တော်တို့နဲ့ လာပေါင်းထိုင်ပါလား"

ကွင်း၏ဘေးဘက်တစ်ခြမ်းတွင် စုထိုင်နေကြသော အမျိုးသားအိုမီဂါသုံးယောက်အဖွဲ့ထဲမှ တစ်ယောက်က သျှန်ယုကိုမြင်သည်နှင့် လှမ်းခေါ်လိုက်ခြင်း။

ထိုအသံကြောင့် သျှန်ယုတင်မကဘဲ အတူဝင်လာကြသော ဂျိုးဇက်၊ အောင်အောင်နှင့် ငြိမ်းချမ်းတို့ကပါ လှည့်ကြည့်လိုက်မိကြသည်။ ငြိမ်းချမ်းဟာ တစ်ဖက်လူများကိုမြင်လိုက်သည်နှင့် ပြုံးစစမျက်နှာနှင့် ခပ်တိုးတိုးဆိုလာခဲ့၏။

"နှာဘူးလေးများအဖွဲ့ပဲ၊ သေချာစဉ်းစားပြီးမှသွားနော် ယုယု၊ အခန့်မသင့်ရင် ပွဲမပြီးခင် နားကွဲသွားနိုင်တယ်"

ညီဖြစ်သူ၏အပြောကြောင့် အောင်အောင်က ခပ်ဖွဖွပြုံးလိုက်ရင်း...

"ဒါပေမဲ့ သူတို့နဲ့သာဆို ယုယု ပျင်းရမှာတော့မဟုတ်ဘူး၊ ပွဲစတာနဲ့ ထိုင်တဲ့နေရာကို နည်းနည်းနောက်ဆုတ်နေလိုက်၊ အဲ့ဒါဆိုရင် သက်သာလိမ့်မယ်"

ထိုအခါ ငြိမ်းချမ်းကလည်း ခေါင်းညိတ်လိုက်၏။

"အဲ့ဒါတော့ ဟုတ်တယ်၊ လာ ယုယုကို ကျွန်တော်လိုက်ပို့ပေးမယ်၊ ကိုကြီးနဲ့ ကိုသီဟကတော့ နေခဲ့တာအကောင်းဆုံးပဲ"

ငြိမ်းချမ်းဟာ ထိုသို့ပြောပြီးသည်နှင့် သျှန်ယု၏ပုခုံးကို ဆွဲဖက်ကာ တစ်ဖက်ရှိ အိုမီဂါသုံးယောက်အနားသို့ သွားပို့ပေးလေသည်။ ငြိမ်းချမ်းက အိုမီဂါတစ်ယောက်ဆိုသော်ငြား သာမန်အိုမီဂါများထက် အရပ်ရှည်သူဖြစ်ပြီး သျှန်ယုကတော့ အိုမီဂါလေးများ၏ အလှပဆုံးခန္ဓာကိုယ်အရွယ်အစားကို ပိုင်ဆိုင်ထားသူဖြစ်၏။

သို့ဖြစ်ရာ ငြိမ်းချမ်းနှင့်ယှဉ်လျှင်တောင် သျှန်ယုက အတော်လေးညှက်သွားပြီး သူတို့နှစ်ယောက်ကို နောက်ဘက်ခြမ်းမှ မြင်ရသည်က အတွဲတစ်တွဲကဲ့သို့ ဖြစ်နေပါတော့သည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now