Chapter - 13

16.5K 1.2K 208
                                    

မြို့လယ်ခေါင်မှ မြို့တော်အရှေ့ပိုင်းရှိ အပန်းဖြေ မြို့ပတ်ရထားများရှိရာ ဘူတာရုံဆီသို့ ပြေးဆွဲနေသော ဘတ်စ်ကားတစ်စီးပေါ်၌ ဖြစ်၏။

"နောက်ကလူတွေက အရမ်းမတိုးကြနဲ့ဟ! နေရာတွေ မရှိတာလည်းမဟုတ်ဘဲ ဟိုတိုး၊ ဒီတိုးနဲ့ ဘာတွေဖြစ်နေကြတာလဲ!"

"ငါတို့ကရော တိုးချင်လို့ တိုးနေတာမလို့လား! မင်းအဖေက ခဏခဏဘရိတ်အုပ်နေမှတော့ ယိုင်ပြီး အချင်းချင်း မတိုးမိဘဲ နေမလားကွ! အဲ့လောက်တောင် အတိုးအတိုက်မခံချင်ရင် ဘတ်စ်ကား လာမစီးကြနဲ့!"

"ကားဆရာရေ! အရမ်းကြပ်နေပြီ မဟုတ်ဘူးလား! မှတ်တိုင်တိုင်းမှာ ရပ်ပေးပြီး ရှိသမျှလူအကုန်တင်ဖို့များ စဉ်းစားထားတာလား! တစ်ခြားကားတွေလည်း အများကြီး ရှိပါသေးတယ်ဟ!"

ဤသည်တို့မှာ ကားအတွင်း ပါလာကြသော လူများထံမှ တစ်ယောက်တစ်ပေါက် စကားများ ဖြစ်ကြ၏။ ​သည်ကားလိုင်းဟာ အများပြည်သူ စီးနင်းသည့် ယာဉ်လိုင်းဖြစ်သည်မို့ ကားအတွင်း၌ လူတန်းစားပေါင်းစုံ၊ စရိုက်ပေါင်းစုံတို့ဖြင့် စုံလင်နေကြသည်။

ယာဉ်လိုင်းများအားလုံးအနက် သည်ယာဉ်လိုင်းဟာ အများနှင့်မတူစွာ ထူးခြားချက်တော့ ရှိပါ၏။ မည်သို့ထူးခြားသည်လဲဆိုပါက ပုံမှန်အားဖြင့် ဆိုလျှင် အခြားယာဉ်လိုင်းများ၌ တနင်္လါနေ့မှ သောကြာနေ့အတွင်း စီးနင်းလိုက်ပါသူများဖြင့် ကြိတ်ကြိတ်တိုး နေလေ့ရှိပြီး သည်နေ့ကဲ့သို့ ပိတ်ရက်မျိုးဆိုလျှင်တော့ စီးနင်းသူများ နည်းပါးသွားတတ်သည်သာ။

သို့ပေသည့် ဤသို့ အပန်းဖြေမြို့ပတ်ရထားများရှိရာ ဘူတာရုံဆီသို့သွားသော ယာဉ်လိုင်းမှာတော့ အလုပ်ဖွင့်ရက်များ၌ စီးနင်းလိုက်ပါသူ နည်းပါးလေ့ရှိပြီး ပိတ်ရက်များ၌သာ လူများ ကြိတ်ကြိတ်တိုးလေ့ရှိခြင်း ဖြစ်သည်။

အ​ကြောင်းမူကား သည်နောက်ပိုင်းနှစ်များ၌ မြို့ပြနေ အခြေခံလူတန်းစားများနှင့် အလယ်တန်းလွှာတို့မှ လူများဟာ ပိတ်ရက်များတွင် အပန်းဖြေမြို့ပတ်ရထားနှင့် လည်ပတ်အပန်းဖြေရခြင်းအား လွန်စွာသဘောကျနှစ်ခြိုက်လာကြသောကြောင့် ဖြစ်ပါ၏။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now