Chapter - 6

21.4K 1.4K 226
                                    

သျှန်ယုဟာ အိပ်ရာမှ နိုးလာလျှင်နိုးလာချင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကိုက်ခဲနာကျင်မှုတို့အား ခံစားလိုက်ရ၏။ ခေါင်းထဲတွင်လည်း အတော်လေးမူးဝေနေပြီး မျက်လုံးတို့ဟာလည်း အနည်းငယ် စပ်နေပါသလိုပင်။

အဆိုးဆုံးဝေဒနါတို့ဟာတော့ ခါး၏ ညောင်းကိုက်နေခြင်းနှင့် ခါးအောက်ပိုင်းမှ စူးနင့်နေသော ခံစားချက်တို့သာ ဖြစ်ပါတော့သည်။

သျှန်ယုတစ်ယောက် ခံစားနေရသော ဝေဒနါတို့နှင့်ပတ်သက်၍ ဖြစ်သွားခဲ့သော အ​ကြောင်းအရာတို့အား သတိရလာခဲ့သည်ဖြစ်ရာ အနည်းငယ် စပ်နေပါသော မျက်ဝန်းတို့အား အမြန်ဆုံး ဖွင့်လိုက်မိတော့၏။

အခန်း၏ မီးအလင်းရောင်ဟာ သူ့မျက်နှာအသွင်အပြင်လောက်ကိုသာ မြင်ရစေနိုင်ပြီး မျက်နှာ၏ အသွေးအရောင်နှင့် အခြားသော အပြစ်အနာအဆာတို့ကိုတော့ သေချာ မမြင်ရနိုင်ပါချေ။

သျှန်ယုဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသည်မို့ များများမလှုပ်ရှားနိုင်သေးသောကြောင့် အိပ်ရာ၏ဘေးဘက်ခြမ်းသို့ အနည်းငယ် ခေါင်းငဲ့ကြည့်လိုက်၏။ ထို့ကြောင့် အိပ်ခန်းအတွင်း၌ သူမှလွဲ၍ အခြား မည်သူမှ ရှိမနေကြောင်းကို သိလိုက်ရပေသည်။

သူရှာဖွေလိုက်သောသူဟာ လူကိုယ်တိုင်သာ အိပ်ခန်းထဲ၌ ရှိမနေခြင်းမဟုတ်ဘဲ ထိုသူ၏ ပင်လယ်ရနံ့ Pheromones တို့အားလည်း အနည်းငယ်သော်မျှပင် မခံစားရပါချေ။

သျှန်ယု၏ မျက်ခုံးတန်းလေးများဟာ အလိုမကျစွာဖြင့် အနည်းငယ် တွန့်ချိုးသွားကြ၏။ ထို့နောက် သူဟာ နာကျင်မှုတို့ကိုတောင့်ခံရင်း အိပ်ရာမှ ထထိုင်ရန်ပြင်လိုက်သည်။

“အာ့! ဒီ ခွေးကောင်လေး!”

ထထိုင်ရန် ကြိုးစားကြည့်လိုက်ပါသော်ငြား ခါးအောက်ပိုင်းမှ နာကျင်လာမှုကြောင့် သျှန်ယုဟာ ညည်းညူလိုက်မိရုံသာမက ထိုသို့ဖြစ်အောင်လုပ်ထားသည့် တရားခံအားလည်း အနည်းငယ် ဆဲရေးလိုက်မိ၏။

ထို့နောက် သူဟာ ထိုင်ဖို့ရန် ဘယ်လိုမှမတတ်နိုင်တော့သည်မို့ ငြိမ်ငြိမ်သက်သက်လေးသာပြန်နေရင်း အိပ်ရာထက် ပက်လက်အနေအထားအတိုင်း ရှိနေပါတော့သည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now