Chapter - 19

21.8K 1.4K 344
                                    

ဂျိုးဇက်ဟာ မူးမူးရူးရူးနှင့် သူ့လည်ပင်းကိုလာနမ်းနေသူအား အံကြိတ်ကာခေါ်လိုက်ပြီးနောက် လက်အစုံကလည်း တစ်ဖက်လူ၏ပုခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်ကာ အနားမှ တွန်းထုတ်ပစ်လိုက်သည်။

"အာ့! နာ တယ်"

"ခင်ဗျားက နာတတ်သေးတယ်ပေါ့၊ မူးရူးပြီး ကျုပ်ကို ဘယ်ကောင်နဲ့ထပ်မှားပြန်တာလဲ၊ သွား.. ပြန်လိုက်တော့"

ညဘက်ဖြစ်သည်မို့ ဂျိုးဇက်က အသံကို ထိန်းပြောနေသော်ငြား သူ့လေသံတို့ထဲ၌ ဒေါသတိုစွက်နေသည်မှာတော့ သိသိသာသာပါပင်။ သို့ပေသည့် မူးနေသော သျှန်ယုကတော့ အလိုက်ကမ်းဆိုး သိမနေပါချေ။

"နာပါတယ်ဆို! လွှတ်!"

သျှန်ယုဟာ ဂျိုးဇက်ထံမှ ပုခုံးအစုံအား ဖိဆုပ်ခံထားရဆဲမို့ မျက်နှာကိုရှုံ့မဲ့ကာ ဆိုလိုက်ခြင်း။ သူသည် နာကျင်မှုကြောင့် ဒေါသထွက်သွားဟန်ရပြီး မူးလည်းမူးနေသည်မို့ အသံကို ထိန်းမထားချေတော့။

သို့ဖြစ်ရာ ဂျိုးဇက်က ပို၍စိတ်တိုသွားရပြီး ရှေ့မှအမူးသမား၏ ပါးစပ်ထက် လက်တစ်ဖက်ဖြင့် ဖိအုပ်ပစ်လိုက်ပါသလို တစ်ဖက်လူ သူ့လက်ထဲက ရုန်းထွက်မသွားနိုင်ရင်အတွက် ကျန်လက်တစ်ဖက်ကိုသုံးကာ ခါးသိမ်သိမ်လေးအား ဆွဲဖက်ထိန်းထားလိုက်၏။

"ခုက လူအိပ်ချိန်၊ ပါးစပ်ပိတ်ထား"

ဂျိုးဇက်က ထိုသို့ပြောလိုက်ပါသော်ငြား သျှန်ယုကတော့ တစ်ဖက်လူ၏လက်ထဲတွင် ထိန်းချုပ်ခံထားရသည့်ကြားမှ အတင်းရုန်းထွက်ရင်း အသံတို့ကိုလည်း မရမကထွက်အောင် လုပ်နေတော့သည်။

"အွန်း....... အင်း........အူး................ဝူး..............."

"သျှန်ယုမဟာနွယ်! ကျုပ် ခင်ဗျားကို ဘာမှမလုပ်ရဲဘူးထင်နေလား!"

ဂျိုးဇက်က ဒေါသလေသံဖြင့် ခပ်ကြိတ်ကြိတ်ဆိုလိုက်ခြင်းဖြစ်ပြီး တစ်ဖက်မှ ပုန်ကန်တတ်သူဟာလည်း သူ့အား မူးမူး၊ မမူးမူး မကြောက်တတ်သူမို့...

"အူး................ဝူး................................."

ဂျိုးဇက်ဟာ အတော်လေး ရယ်ရခက်၊ ငိုရခက် ဖြစ်သွားပါ၏။ ထို့ကြောင့် တစ်ဖက်လူ၏ပါးစပ်ထက်မှလက်ကို ပို၍အားစိုက်ထားလိုက်ပြီးနောက် သူ့ကို မကျေနပ်သော ရီဝေဝေမျက်လုံးများဖြင့် ကြည့်လာပါသူအား သေချာစိုက်ကြည့်လိုက်ရင်းမှ ဆိုလိုက်သည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now