Chapter - 11

19.7K 1.2K 522
                                    

အမျိုးသားလေးယောက်၏ ဘိလိယက်ကစားပွဲသည်ကား ပြီးသွားပြီ ဖြစ်၏။ ထိုသို့ပြီးသွားသည်နှင့် သူတို့အားလုံးဟာ ကျူတံများအားလုံးကို သူ့နေရာနှင့်သူ ပြန်ထားလိုက်ကြသည်။ ဘောလုံးများကိုတော့ တွင်းများထဲမှ ပြန်မထုတ်တော့ဘဲ ထိုအတိုင်းသာ ဆက်ထားလိုက်ကြ၏။

ထို့နောက် ညာဘက်မျက်ခုံးထက်၌ အမာရွတ်ရှိသူဟာ သူ၏ဇက်ကြောအား ဖြေလျော့လိုက်ဟန်ဖြင့် ဦးခေါင်းလေ့ကျင့်ခန်းကို အနည်းငယ်လုပ်လိုက်ရင်းမှ ပြောလိုက်သည်။

"နည်းနည်းတောင် နောက်ကျနေပြီဆိုတော့ ငါ အခုပြန်မှပဲ ရတော့မယ်၊ မင်းတို့ရော ဆက်နေကြဦးမှာလား"

ထိုအခါ မီးခိုးရောင်ဂုတ်ထောက်ဆံပင်နှင့်တစ်ယောက်က ချက်ချင်းပြန်ပြောလိုက်၏။

"မနေတော့ဘူး ကိုစစ်၊ ကျွန်တော် ခင်ဗျားနဲ့ လမ်းကြုံလိုက်မယ်"

"လမ်းကြုံလိုက်ရအောင် မင်းလာတုန်းက ကားပါတယ် မဟုတ်ဘူးလား၊ ငါအပြင်မှာ မင်းကားကို တွေ့ခဲ့ပါတယ်"

ကိုစစ်ဆိုသူ၏အပြောကြောင့် မီးခိုးရောင်ဆံပင်ပိုင်ရှင်က ရယ်လိုက်သည်။

"အလာတုန်းက ပါတယ်ဆိုပေမဲ့ ခုပြန်မှာက ကျူးတဲကိုလေဗျာ၊ အဲ့ဒါကို ကားကြီးတကားကားနဲ့ သွားလို့မှ မရဘဲ"

"အေးပါ ပြည်သူ့သူတောင်းစားရယ်၊ အဲ့တော့ ဘာလဲ၊ အခုက ဒီတိုင်းပဲ လိုက်မှာလား၊ ရုပ်ဖျက်ဦးမှာလား"

"ဒီတိုင်းလိုက်မှာ၊ ရုပ်ဖျက်တာက ကားပေါ်က ဆင်းခါနီးမှပဲ ဖျက်မယ်၊ မဟုတ်ရင် ခင်ဗျား အနံ့ခံနိုင်မှာ မဟုတ်ဘူး"

ယင်းစကားပြောနေသူနှစ်ယောက်အနက် ကိုစစ်ဆိုသူဟာ ခွဲစိတ်အထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး သူက Single Father တစ်ယောက်လည်း ဖြစ်သည်။ သူ့ထံ၌ ဂျူလီယံလင်းယျာဟူသော သားတစ်ယောက်ရှိပြီး ယခုရောက်နေသောနှစ်နှင့် တွက်ကြည့်မည်ဆိုလျှင် ထိုကလေးက အသက် ၇နှစ်အရွယ်သာ ရှိပါသေး၏။ ကိုစစ်ကိုတော့ ဒေါက်တာ ဦးစစ်တောင်းလင်းယျာ ဟူ၍ လူသိများကြပြီး သူဟာ မြို့တော်၌ နာမည်ကြီးသော ခွဲစိတ်အထူးကုတစ်ယောက်ပင် ဖြစ်ပါသည်။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now