Chapter - 51

14.2K 1.1K 210
                                    

အီသန့်ပြောစကားကြောင့် အစောင့်အရှောက်အငယ်နှစ်ယောက် မျက်လုံးပြူးသွားကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြ၏။ ထို့နောက် သူတို့က သီးသန့်ဆက်သွယ်ရေးစက်ဝန်းကိုသုံးကာ စကားပြောလိုက်ကြသည်။

"ဘယ်လိုလုပ်ကြမလဲ၊ အမှန်အတိုင်း ထုတ်ပြောလိုက်မလား"

"ဖြစ်မလားကွ၊ ပြောလိုက်ရင် တစ်ပုလင်းလုံးအသိမ်းခံရမှာပေါ့"

"နည်းနည်းပါးပါး ညှိကြည့်လို့ရမှာပါ၊ ကိုကြီးအီသန်က သိပ်ပြောရမခက်ဘူးထင်တာပဲ"

"ငါတော့ မထင်ဘူးနော် ဟေ့ကောင်၊ သူက အပြင်ပန်းသာ ခေတ်မီတာ၊ အတွင်းစိတ်ကတော့ ​ရှေးရိုးစွဲတယ်လို့ ကြားဖူးတယ်၊ နောက်ပြီး ညှိကြည့်ရအောင်လည်း မွေးကတည်းက အိပ်မက်ထဲမှာတောင် ရည်းစားထားဖူးမဲ့လူမဟုတ်ဘူး၊ အဲ့လိုလူက ငါတို့ကို နားလည်ပေးနိုင်မယ်လို့ မင်းထင်လို့လား"

"အေး၊ အဲ့ဒါတော့ ဟုတ်တယ်၊ ဒါနဲ့.. ဟိုလူတွေပြောတဲ့ပုံအရဆို အရက်က ချက်ချင်းအစွမ်းပြမှာ မဟုတ်ဘူးမလား"

ဟုတ်ပါ၏။ သူတို့ကို ထိုအရက်ပုလင်းအား လက်ဆောင်ပေးခဲ့ကြသော လူပျိုရွာသားများ၏ ပြောပုံအရဆိုလျှင် ၎င်းအရက်သည် ရုတ်ချည်းအစွမ်းပြမည်မဟုတ်ဘဲ တဖြည်းဖြည်းချင်း သဘာဝဆန်ဆန် စိတ်ခံစားချက်တို့ မြင့်တက်လာမည်ဖြစ်သည်။

အရက်၏အစွမ်းပြချိန်သည်ကား သောက်ပြီးသည့်အချိန်မှ တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်း၌ ဖြစ်၏။ အကယ်၍ ယင်းအရက်ကို သုံးစွဲပြီးနောက် ကာမလိုက်စားမည်ဆိုပါက အစွမ်းပြချိန်က ပို၍စောမည်ဖြစ်ပြီး ထိုသို့မဟုတ်ဘဲ ပုံမှန်အတိုင်းဆက်နေမည်ဆိုလျှင်တော့ အနည်းငယ်နောက်ကျပြီးမှသာ စိတ်ကြွလာမည် ဖြစ်သည်။

"နှစ်ယောက်သား ဘာတွေတွေးနေကြတာလဲ၊ ကြည့်ရတာ ငါ့ကို သုံးပုံတစ်ပုံတောင်မှ ခွဲမပေးချင်တဲ့ပုံပဲ"

"အာ မဟုတ်ပါဘူး၊ ကိုကြီးအီသန်ကလည်း"

ထိုစဉ်၌ သူတို့ဟာ နောက်ဘက်ဆီမှ အက်စ်၏အသံကို ကြားလိုက်ကြရ၏။

"သုံးယောက်သား အဲ့နေရာမှာ ဘာလုပ်နေကြတာလဲ၊ အီသန် ခင်ဗျား ကျုပ်ညီလေးတွေကို အနိုင်ကျင့်နေတာလား"

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now