Chapter - 48

19.7K 1.3K 308
                                    

အဆင့်မြင့်အယ်လ်ဖာတစ်ယောက်၏ မိမိကိုယ်ကိုယ်ကုသနိုင်စွမ်းနှင့် Recovery လုပ်နိုင်စွမ်းသည်ကား လွန်စွာအားကောင်းလွန်းလှ၏။ သို့ဖြစ်ရာ ယခုအချိန်၌ ဂျိုးဇက်သည် ဖယောင်းတိုင်မှလာသော ဇီဇဝါပန်းရနံ့များ၏ အာနိသင်သက်ရောက်မှုတို့အောက်မှ လွတ်မြောက်သွားပြီဖြစ်သည်။

ယင်းဟာ ပုံမှန်ထက် မြန်လွန်းလှသည်မို့ သျှန်ယုနှင့်အတူထိုင်နေသော နေလထွဋ်ခေါင်တစ်ယောက် လွန်စွာအံ့ဩသွားတော့၏။ သို့ပေသည့် သူ့အနေနှင့် ကြာကြာအံ့ဩချိန် မရလိုက်ပါချေ။

“ခွေးသူတောင်းစား!!!”

ဂျိုးဇက်၏ ဒေါသကြီးအသံနှင့်အတူ လှုပ်ရှားမှုတို့သည်ကား စက္ကန့်ပိုင်းအတွင်း လွန်စွာမြန်ဆန်လွန်းလှသည်။ အဆင့်မြင့်အယ်လ်ဖာကြီးသည် ဘာကိုမှမမြင်နိုင်တော့လောက်အောင် ဒေါသထွက်နေပြီး အလယ်ရှိခုံရှည်နားသို့ ရောက်သွားသည်မှာ အလင်းကဲ့သို့ အလျင်နှုန်းဖြင့်။

ထို့နောက် သူ၏ သန်မာလွန်းသောညာဘက်လက်ဖြင့် ရန်သူ၏လည်ပင်းအား ဆွဲညှစ်လိုက်လျက် ချစ်သူ၏နံဘေးမှ ကြမ်းတမ်းစွာ ဆွဲမပစ်လိုက်သည်မို့ တစ်ဖက်ရှိ အိုမီဂါခန္ဓာကိုယ်နှင့်လူမှာ အရုပ်လေးတစ်ရုပ်လို ပါသွားလေ၏။ ယင်းသို့ နေလက ဒီယမ့်ခန္ဓာကိုယ်နှင့်ဖြစ်နေပါသော်ငြား လက်ရှိဂျိုးဇက်၏ မျက်လုံးတို့ထဲတွင်တော့ သူ့ချစ်သူကို ထိကပါး၊ ရိကပါးလုပ်ခဲ့သော နေလထွဋ်ခေါင်သာ ဖြစ်သည်။

ဂျိုးဇက်၏ မျက်လုံးအရောင်တို့သည် ပယင်းရောင်အဖြစ်သို့ ကူးပြောင်းသွားတော့ပြီ ဖြစ်၏။ သူဟာ ပင်ကိုအားဖြင့် ဒေါသကြီးသူမို့ တော်ရုံဒေါသကြီးရုံလောက်နှင့် မျက်လုံးများ ပယင်းရောင်သို့ ပြောင်းမသွားတတ်ကြပါချေ။ ချစ်သူနှင့် နှစ်ကိုယ်ကြားကိစ္စများကို ပြုလုပ်ကြချိန်၌လည်း Pheromone များကို ထိန်းချုပ်ထားရမှုများ၊ စိတ်ကိုထိန်းချုပ်ထားရမှုများ အမြဲတစေရှိခဲ့သည်မို့ သူ၏မျက်လုံးများ ပယင်းရောင်အဖြစ် ပြောင်းလဲသွားခြင်းကို သျှန်ယုသည်ပင် သည်တစ်ကြိမ်မှ မြင်ဖူးခြင်း။

ဝုန်း!!!

ဂျိုးဇက်က နေလအား သူထိုင်ခဲ့သော ဆိုဖာခုံအထိ ဆွဲခေါ်သွားပြီးနောက် အားနှင့်တွန်းချလိုက်ခြင်းမို့ အသံခပ်ပြင်းပြင်းထွက်လာရုံသာမက ခုံသည်ပင် နောက်သို့ သိသိသာသာရွေ့သွားသည်အထိ။

'The Moon Pulls The Tide' (Season 2 of IBYLM)Where stories live. Discover now