Arc 5.4 ~Ben~

1.7K 135 11
                                    

Unicode

ရှောင်ကျန့်နဲ့ပူး ဆေးရုံမှာရှိတဲ့သူ့အခန်းကိုspaceထဲကနေတစ်ဆင့်ရောက်လာခဲ့ကြသည်။ ဆေးရုံအခန်းထဲမှာရှောင်ကျန့်ကိုစောင့်ပေးနေတဲ့ရှောင်ကျန့်ရဲ့သူငယ်ချင်းဖြစ်သူ လုပိုင်ရွယ်တစ်ယောက်သာရှိသည်။

"အဲ့ဒါHostသူငယ်ချင်းလား"

"အင်းအထက်တန်းမှာကတည်းကခင်လာခဲ့တာ သူကစုံထောက်လေ"

"ဪ ဒါပေမဲ့ကျွန်တော်သူ့ကို မသင်္ကာဘူးHost"

"ဘာလို့လဲ သူကလူကောင်းပါ"

"သူ့နဖူးပါစာရေးထားလို့လား"

ရှောင်ကျန့်နဲ့ပူးအ​ခြေတင်စကားများနေကြချိန်မှာ အခန်းထဲကိုnurseတစ်ယောက်ဝင်လာကာ ရှောင်ကျန့်ကိုဆေးထိုးဖို့လုပ်သည်။ ပိုင်ရွယ်ကခေါင်းငြိမ့်ပြမှnurseကရှောင်ကျန့်ကိုဆေးထိုးလေသည်။ ဆေးထိုးလိုက်တာနဲ့တစ်ပြိုက်နက်ရှောင်ကျန့်ဝိညာဥ်ကအားနည်းလာလေသည်။

"ပူး အဲ့ဆေးကမူမမှန်ဘူး"

"Hostဝိညာဥ်အပေါ်ဆိုးရွားတဲ့သက်ရောက်မှုရှိနေတာလား"

"ဟုတ်တယ်"

nurseထွက်သွားတာနဲ့ပိုင်ရွယ်ကထိုင်နေရာမှထကာ ရှောင်ကျန့်ရဲ့ကုတင်ဘေးကိုသွားထိုင်လေသည်။

"ရှောင်ကျန့် မင်းကငယ်ငယ်ကတည်းက ငါလိုချင်တာမှန်သမျှရခဲ့တယ် လူတိုင်းကမင်းကိုချစ်ကြတယ် ဒါကငါ့ကိုမနာလိုစေတယ် မင်းဘယ်တော့မှသတိပြန်မရစေရဘူး အခုလိုပဲလဲလျောင်းနေရမယ် ဒါမှဝမ်ရိပေါ်ကငါ့အပိုင်ဖြစ်လာမှာ မင်းသိလားရိပေါ်ကိုငါအရင်တွေ့ခဲ့တာ ဒါပေမဲ့ရိပေါ်ကမင်းကိုရွေးချယ်ခဲ့တယ် ဒါမတရားဘူးမဟုတ်လား မင်းကိုသူကကယ်ချင်နေလို့ငါသူ့ကိုလဲဆေးရုံကအခန်းထဲမှာဆေးကုသမှုခံယူခိုင်းထားတယ် စိတ်မပူနဲ့သူကမကြာခင်ကောင်းသွားတော့မှာ အဲဒီအခါမင်းကတော့ထွက်သွားပေးရမယ် ရိပေါ်ကိုငါရအောင်ယူမှာရှောင်ကျန့် မင်းငါ့အပေါ်ကောင်းခဲ့လို့ငါမင်းကိုသက်သက်သာသာထွက်သွားဖို့စီစဥ်ပေးတာ"

ပိုင်ရွယ်ကပြောပြီးသည်နှင့်အခန်းထဲမှထွက်သွားလေသည်။ ရှောင်ကျန့်မှာသာမယုံနိုင်ခြင်းများစွာနဲ့လဲကျသွားလေသည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Dove le storie prendono vita. Scoprilo ora