Arc 4.2 ~Mingzé~

1.8K 151 5
                                    

Unicode

[Hostရေထပါတော့ ဘယ်နှယ့်အိပ်နေလိုက်တာ၇ဘဝလောက်အိပ်ရေးပျက်ထားတဲ့ပုံစံနဲ့]

*တိတ်စမ်း*

[Hostလို့!!!]

*ထပြီဟေ့ ထပြီ ဟင်! ပူးနေတောင်ကောင်းကောင်းမထွက်သေးဘူးလေ*

[မူလမင်ဇီကဒီအချိန်ထတာလေ Hostလဲထရမှာပေါ့]

*အေးပါကွာ missionလို့ပဲသဘောထားလိုက်ပါ့မယ်*

ပိုင်မင်ဇီရေချိုးသန့်စင်လိုက်ပြီး မနက်စာကိုကိုယ်တိုင်ကိုယ်ကြပြင်ဆင်ကာ ဘုရင့်အိပ်ဆောင်ဆီထွက်လာခဲ့လိုက်သည်။ သူရောက်သွားတော့ ဘုရင်နဲ့အတူအဆောင်ထဲမှာမနက်စာစားနေတဲ့ပိုင်မင်စီကိုတွေ့လိုက်ရသည်။

"အရှင့်ကိုဂါရဝပြုပါတယ်"

"ကြင်ယာတော် ကိုယ်တော့်ဆီလာတာက"

"နှောက်ယှက်မိတာတောင်းပန်ပါတယ် ပြန်လိုက်ပါအုံးမယ်"

မင်ဇီအဆောင်ထဲကပြန်ထွက်လာလိုက်သည်။ ကိုယ်တိုင်ပြင်ဆင်လာရတာကြောင့် ဝမ်းနည်းစိတ်ဝင်မိပေမဲ့ နောက်မှပြန်နှိပ်စက်ရမည်ဟုတွေးကာစိတ်ကိုပြန်ထိန်းလိုက်သည်။ ထို့နောက်အဆောင်မပြန်ဘဲ ဥယျာဥ်တော်ထဲသွားကာ ရှောင်ရိတို့နှင့်အတူမနက်စာစားလိုက်ကြသည်။ မသင့်တော်ဘူးငြင်းနေကြတာကြောင့်အမိန့်နဲ့ကိုင်ပေါက်လိုက်မှစားကြသည်။

"ကြင်ယာတော်လေးလက်ရာကစားလို့ကောင်းလိုက်တာ"-ရှောင်စု

"အမှန်ပဲ အရမ်းအရသာရှိတယ်ဟီး"-ရှောင်မိန့်

"မနက်စာအတွက်ကျေးဇူးတင်ပါတယ်ကြင်ယာတော်"-ရှောင်ရိ

"မလိုပါဘူး ဝအောင်သာစားကြပြီးရင်နန်းပြင်ကစျေးကိုသွားကြမယ်"

"ဟုတ်"×2

"ဧကရာဇ်ရဲ့အမိန့်မပါဘဲထွက်လို့မရပါဘူးကြင်ယာတော် ဧကရာဇ်ဆီကခွင့်ပြုချက်အရင်တောင်းသင့်ပါတယ်"

"အလကားလူကြီး အဲ့လူကြီးဆီကခွင့်ပြုချက်ရမှအပြင်ထွက်ရမယ်ဆိုအဆောင်ထဲကတောင်ခြေမလှမ်းတော့ဘူး သူခွင့်မပြုလဲအဖေကစစ်သူကြီးပဲလေအဖေ့အာဏာနဲ့သွားမှာပေါ့"

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now