Arc 4.1 ~Mingzé~

2K 131 11
                                    

Unicode

ရှောင်ကျန့် သတိရလာတော့ သူ့ခေါင်းကတစစ်စစ်ကိုက်နေပြီး လူကလည်းအားနည်းနေသလိုခံစားနေရသည်​ကြောင့် အရင်ဆုံးလုပ်မိတာကတစ်ခုတည်းသာ။

*ပူးမသားထွက်ခဲ့စမ်းမအေလုံးလေး*

[ဟဲဟဲ Host ဟိုလေ ပူးပူးလေးကအချိန်လေးပိစိလေးမှားပြီးပို့မိတာပါ]

*အဲတော့လက်ခလယ်ပဲပေါ့ပူးမသားရယ် ဘာကိုပူးပူးလဲအောက်ထက်ရောက်မယ့်ကောင်*

[ဆေးအလကားပေးပါ့မယ် Hostကလဲစိတ်ချည်းပဲ]

*မြန်မြန်ပေး*

ပူးဆီကဆေးကိုသောက်ပြီးမှ ကိုက်ခဲနေတာတွေပျောက်သွားကာ အားအင်ပြည့်လာသလိုခံစားလိုက်ရသည်။ ဇာတ်ကြောင်းဖတ်မယ်အလုပ်အခန်းထဲဝင်လာတဲ့မိန်းမကြီးတစ်ဦးနှင့်မိန်းကလေး၃ယောက်ကြောင့် ဇာတ်ကြောင်းမဖတ်သေးဘဲ လျှောလဲရောထိုင်လုပ်ရန်သာပြင်ဆင်လိုက်ရသည်။

"ကြင်ယာတော်သတိရလာပါပြီလား နေသာရဲ့လားကြင်ယာတော်လေး"

"ကျွန်တော်သက်သာပါတယ်"

"ဒီအထိန်းတော်အိုကြီးအသုံးမကျတာပါ ကြင်ယာတော်လေးကိုထိခိုက်စေမိတယ်"

"ရပါတယ် ထပါ"

"ကြင်ယာတော်လေးအနားမှာအမြဲအလုပ်အကျွေးပြုဖို့ ဒီမိန်းကလေးသုံးဦးကိုခေါ်လာခဲ့တာပါ"

ရှောင်ကျန့်ခေါင်းငြိမ့်ကာ ထိုမိန်းကလေးသုံးဦးအားပြုံးပြလိုက်တော့ သုံးယောက်သားကရှောင်ကျန့်အားငေးကြည့်နေပြီးမှနာမည်တွေကိုမိတ်ဆက်လာကြသည်။

"ကျွန်မကရှောင်ရိပါ ကြင်ယာတော်ရဲ့ကိုယ်ရံတော်လုပ်မယ့်သူပါ ဒီဘက်ကနှစ်ယောက်က ရှောင်စုနဲ့ရှောင်မိန်ပါ ကျွန်မရဲ့ညီမငယ်တွေပါကြင်ယာတော်အတွက်ဝေယာဝိစ္စလုပ်ပေးဖို့တာဝန်နဲ့ပါ"

ကိုယ်ရံတော်လို့ပြောနေတဲ့မိန်းကလေးကိုရှောင်ကျန့်အကဲခတ်မိတော့ သူမကရဲရင့်ပြီးအကြောက်အလန့်ကင်းဟန်ရတာကြောင့်လူယုံအဖြစ်ဒီသုံးယောက်ကိုထားဖို့ဆုံးဖြတ်လိုက်သည်။ ကျန်တဲ့နှစ်ယောက်ကကြောက်တတ်ပြီးအနေအေးမယ့်ပုံကြောင့်သူ့အတွက်အဆင်ပြေပါသည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now