Arc 3.5 ~ChaeSoo~

1.8K 145 8
                                    

Unicode

ချယ်ဆွန်းဒီနေ့နဲ့ဆို ဆိုဟျောင်းဆီရောက်နေတာတစ်ပတ်ပင်ရှိပြီ။ ဆိုယွန်းဆီကလည်းဘာအဆက်အသွယ်မှမရပေ။ ဆိုဟျောင်းကတော့သူ့ကိုအချိန်ပေးကာအဖော်လုပ်ပေးတတ်ပေမဲ့သူလက်ထက်ရမယ့်ရက်နီးနေတာကြောင့်အရမ်းတော့အချိန်မပေးနိုင်ပေ။

"ချယ်ဆွန်း နေ့လည်စာစားပြီးပြီလား"

"မစားရသေးဘူးဆိုဟျောင်း"

"ဒါဆိုအပြင်သွားစားရအောင်လေ"

"သွားတာပေါ့ ကျွန်တော်လည်းပျင်းနေတာနဲ့အတော်ပဲ"

"အင်း"

ချယ်ဆွန်းပေါ့ပေါ့ပါးပါးလေးဖြစ်အောင် နို့စိမ်းရောင်ဟူဒီလေးကိုဒူးလောက်ဘောင်းဘီအဖြူလေးနဲ့တွဲကာဝတ်ဆင်လာခဲ့လိုက်သည်။ စားသောက်ဆိုင်ကိုရောက်တော့ သူနဲ့မျက်နှာချင်းဆိုင်ဝိုင်းတွင်ဆိုယွန်းနဲ့မီဟိုထိုင်နေတာကိုတွေ့လိုက်ရသည်။ မျက်စောင်းတစ်ချက်သာခဲလိုက်ပြီးမသိသလိုနေလိုက်သည်။ စားချင်တာတွေမှာထားတုန်းဆိုဟျောင်းကသန့်စင်ခန်းကိုထွက်သွားတာကြောင့်သူတစ်ယောက်တည်းထိုင်နေချိန် ရှေ့ခုံကိုလူဝင်ထိုင်တာကြောင့်မော့ကြည့်လိုက်တော့ ဆိုယွန်းနဲ့မီဟိုဖြစ်နေသည်။

"အဟင်းးးချယ်ဆွန်းတစ်ယောက်ထဲစားနေတာလား"

မချိုမချဥ်မျက်နှာနဲ့မေးနေတဲ့အသံနဲ့ကတခြားဆီဖြစ်နေပေမဲ့ မီဟိုကကြာပန်းဖြူယောင်ဆောင်ချင်နေတုန်းပင်။

"မဟုတ်ဘူးနှစ်ယောက် ဆိုဟျောင်းကသန့်စင်ခန်းသွားတယ် တွေ့ချင်ရင်လိုက်ကြည့်လေ"

"အို...မီဟိုကစကားအဖြစ်မေးတာပါ"

"ဘာဆိုင်လို့လဲ"

"ဟင်"

"မင်းနဲ့ငါဘာဆိုင်လို့လာမေးနေတာလဲ မင်းကိုလဲငါခင်ချင်မနေဘူး"

"မီဟိုက ကို့ရဲ့သူငယ်ချင်းဖြစ်တဲ့ချယ်ဆွန်းကိုတွေ့လို့လာနှုတ်ဆက်တာပါ"

"အားနာစရာပဲ မလိုဘူးThank youပါပဲ
မင်းပြောတဲ့မင်းရဲ့ကိုက ငါနဲ့အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးပဲ ဒီတော့ဖြတ်တောက်ပစ်လိုက်ဖို့အလွယ်လေး အာရုံလာမစားနဲ့လစ်တော့"

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now