Just A Moti

1.2K 80 11
                                    

To My Little Family....

အခုလက်ရှိသတင်းတွေကိုအားလုံးလည်းကြားပြီကြမှာပါ။ ကျွန်တော့်ရဲ့Baeလေးတွေအတွက်motiတစ်ခုခုလောက်ပဲဖြစ်ဖြစ်၊ ခဏတာစိတ်သက်သာစေဖို့ပဲဖြစ်ဖြစ် ဒါလေးကိုရေးဖို့ဆုံးဖြတ်မိတာပါ။ Just a motiပေါ့ဗျာ။ အခုချိန်ကကိုယ်ချစ်ရသူတွေကိုစိတ်ပူနေကြရတဲ့အချိန်ပဲ။ အသက်မပြည့်သူတွေကလဲအသက်ပြည့်ပြီးသူတွေအတွက်စိတ်ပူသလို၊ သတ်မှတ်ထားတဲ့အသက်ထက်ကျော်သွားတဲ့သူတွေကလဲအငယ်တွေကိုစိုးရိမ်ကြရပြန်ရော။ ကျွန်တော်ကတော့ဗျာ စာမေးပွဲမရောက်ခင်မေးမယ့်စာကိုတွေးပူပြီးသောကများနေတာထက် စာမေးပွဲကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ကြိုးစားစေချင်တယ်။ ကြုံရမယ့်ကံပါရင်ရှောင်လွှဲမရဘူး ဒါကြောင့်ကြုံလာခဲ့ရင်စိတ်သောကမများဘဲ ဖြစ်သင့်၊လုပ်သင့်တဲ့အရာကိုတွေးတောဆင်ခြင်ပြီးအကောင်းဆုံးဖြစ်မယ်ထင်တာကိုရွေးချယ်ကြပါ။ လောကကြီးမှာအကောင်းအဆိုးဆိုတာကကနဦးအစကတည်းကဒွန်တွဲပြီးတည်ရှိလာတာ။ ဒါကြောင့်အဆိုးတွေကိုမကြောက်ဘဲ သတ္တိရှိရှိနဲ့ရဲရင့်စွာကျော်ဖြတ်ဖို့တွေးတောပါ။ လမိုက်ညဆိုတာတခဏပါဗျာ နေကွယ်ရင်တောင်လထွက်သေးတာပဲ။ လမိုက်ညပြီးရင်လပြည့်ညရောက်လာမှာပါ လပြည့်ကြီးကိုကြည့်ဖို့အားတင်းထားပါဗျ။ ဘယ်လူမျိုး၊ဘယ်ဘာသာ ဘယ်တရားမှာမဆို အမှန်တရားကသာအောင်နိုင်စမြဲပါ။ ဒုက္ခတွေကိုမကြောက်ပါနဲ့ အဲဒီဒုက္ခတွေကိုရင်မဆိုင်ရဲတဲ့သူဖြစ်မှာကိုသာကြောက်ပါ။ ကြုံရမယ့်အရာကိုရှောင်လွှဲဖို့မတတ်နိုင်ရင်တောင်မကြုံရသေးခင်မှာအားမလျော့ကြပါနဲ့။ အခုကတည်းကအားလျော့လို့ဘယ်ဖြစ်မလဲဗျာ။ နေကွယ်ရင်လထွက်ပါတယ် မျှော်လင့်ချက်တွေကိုအားမလျော့ကြပါနဲ့။ ခေါင်းအေးအေးထားပြီးသတင်းတွေကိုနားစွင့်ပါ။ နေ့သစ်တွေမှာအားမလျော့ကြပါနဲ့။ လူ့ဘဝဆိုတာခဏတာလေးပါ ဒါကြောင့်အဲဒီအချိန်ခဏတာလေးကိုအကြောက်တရားတွေကကြီးစိုးဖို့ခွင့်မပြုလိုက်ပါနဲ့။

မှတ်ချက်။ ။ မည်သူတစ်ဦးတစ်ယောက်၏ ခံယူချက်ကိုမှထိခိုက်စေလိုခြင်းအလျဥ်းမရှိပါ။

ညကြupdateလာမယ်ဗျ။ ကောလဲသတင်းကြားကြားခြင်းရောဂါဖောက်သွားလို့updateနောက်ကျသွားတယ် အခုတော့သက်သာစပြုနေပါပြီ အားလုံးပဲအစစအရာရာဂရုတစိုက်နေပြီး ကျန်းမာရေးကိုလဲဂရုစိုက်ပါဗျ။

Wang Mei Lian

To My Little Family

အခုလက္ရွိသတင္းေတြကိုအားလုံးလည္းၾကားၿပီၾကမွာပါ။ ကြၽန္ေတာ့္ရဲ႕Baeေလးေတြအတြက္motiတစ္ခုခုေလာက္ပဲျဖစ္ျဖစ္၊ ခဏတာစိတ္သက္သာေစဖို႔ပဲျဖစ္ျဖစ္ ဒါေလးကိုေရးဖို႔ဆုံးျဖတ္မိတာပါ။ Just a motiေပါ့ဗ်ာ။ အခုခ်ိန္ကကိုယ္ခ်စ္ရသူေတြကိုစိတ္ပူေနၾကရတဲ့အခ်ိန္ပဲ။ အသက္မျပည့္သူေတြကလဲအသက္ျပည့္ၿပီးသူေတြအတြက္စိတ္ပူသလို၊ သတ္မွတ္ထားတဲ့အသက္ထက္ေက်ာ္သြားတဲ့သူေတြကလဲအငယ္ေတြကိုစိုးရိမ္ၾကရျပန္ေရာ။ ကြၽန္ေတာ္ကေတာ့ဗ်ာ စာေမးပြဲမေရာက္ခင္ေမးမယ့္စာကိုေတြးပူၿပီးေသာကမ်ားေနတာထက္ စာေမးပြဲကိုအေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ဖို႔ႀကိဳးစားေစခ်င္တယ္။ ႀကဳံရမယ့္ကံပါရင္ေရွာင္လႊဲမရဘူး ဒါေၾကာင့္ႀကဳံလာခဲ့ရင္စိတ္ေသာကမမ်ားဘဲ ျဖစ္သင့္၊လုပ္သင့္တဲ့အရာကိုေတြးေတာဆင္ျခင္ၿပီးအေကာင္းဆုံးျဖစ္မယ္ထင္တာကိုေ႐ြးခ်ယ္ၾကပါ။ ေလာကႀကီးမွာအေကာင္းအဆိုးဆိုတာကကနဦးအစကတည္းကဒြန္တြဲၿပီးတည္ရွိလာတာ။ ဒါေၾကာင့္အဆိုးေတြကိုမေၾကာက္ဘဲ သတၱိရွိရွိနဲ႔ရဲရင့္စြာေက်ာ္ျဖတ္ဖို႔ေတြးေတာပါ။ လမိုက္ညဆိုတာတခဏပါဗ်ာ ေနကြယ္ရင္ေတာင္လထြက္ေသးတာပဲ။ လမိုက္ညၿပီးရင္လျပည့္ညေရာက္လာမွာပါ လျပည့္ႀကီးကိုၾကည့္ဖို႔အားတင္းထားပါဗ်။ ဘယ္လူမ်ိဳး၊ဘယ္ဘာသာ ဘယ္တရားမွာမဆို အမွန္တရားကသာေအာင္ႏိုင္စၿမဲပါ။ ဒုကၡေတြကိုမေၾကာက္ပါနဲ႔ အဲဒီဒုကၡေတြကိုရင္မဆိုင္ရဲတဲ့သူျဖစ္မွာကိုသာေၾကာက္ပါ။ ႀကဳံရမယ့္အရာကိုေရွာင္လႊဲဖို႔မတတ္ႏိုင္ရင္ေတာင္မႀကဳံရေသးခင္မွာအားမေလ်ာ့ၾကပါနဲ႔။ အခုကတည္းကအားေလ်ာ့လို႔ဘယ္ျဖစ္မလဲဗ်ာ။ ေနကြယ္ရင္လထြက္ပါတယ္ ေမွ်ာ္လင့္ခ်က္ေတြကိုအားမေလ်ာ့ၾကပါနဲ႔။ ေခါင္းေအးေအးထားၿပီးသတင္းေတြကိုနားစြင့္ပါ။ ေန႔သစ္ေတြမွာအားမေလ်ာ့ၾကပါနဲ႔။ လူ႔ဘဝဆိုတာခဏတာေလးပါ ဒါေၾကာင့္အဲဒီအခ်ိန္ခဏတာေလးကိုအေၾကာက္တရားေတြကႀကီးစိုးဖို႔ခြင့္မျပဳလိုက္ပါနဲ႔။

မွတ္ခ်က္။ ။ မည္သူတစ္ဦးတစ္ေယာက္၏ ခံယူခ်က္ကိုမွထိခိုက္ေစလိုျခင္းအလ်ဥ္းမရွိပါ။

ညၾကupdateလာမယ္ဗ်။ ေကာလဲသတင္းၾကားၾကားျခင္းေရာဂါေဖာက္သြားလို႔updateေနာက္က်သြားတယ္ အခုေတာ့သက္သာစျပဳေနပါၿပီ အားလုံးပဲအစစအရာရာဂ႐ုတစိုက္ေနၿပီး က်န္းမာေရးကိုလဲဂ႐ုစိုက္ပါဗ်။

Wang Mei Lian

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအခ်စ္ဆီေခၚလာေပးတယ္ )Where stories live. Discover now