Arc 1.3 ~Loon Kabya~

2.6K 181 32
                                    

Unicode

ကဗျာရိပ် ဒီကိုရောက်နေတာတစ်ပတ်ရှိနေပြီဖြစ်သော်လည်း ဟိုတစ်နေ့မနက်ကစကားများပြီးကတည်းကမင်းဥက္ကာမောင်နှင့်သူအခုထိမတွေ့ရသေးပေ။ အိမ်အကူတွေကိုမေးကြည့်လိုက်တော့ အလုပ်ကိစ္စနှင့်ခရီးသွားသည်ဟုသိရတာကြောင့်တစ်ပတ်လုံးလွတ်လပ်ရေးရနေတာဖြစ်သည်။

တီတီတီ....

ပြတင်းတံခါးကနေခြံရှေ့ကိုငုံ့ကြည့်လိုက်တော့ ကားတစ်စီးကိုရင်းနှီးနေသောနံပါတ်နှင့်တွေ့လိုက်ရတာကြောင့်အနည်းငယ်တော့ထိတ်လန့်သွားရသည်။
ဒီကားကလွန်းအတ္တရဲ့ကား ဒါပေမဲ့ဘာအကြောင်းရှိလို့ဒီအိမ်ကိုလာခဲ့တာလဲ။ အခန်းတံခါးကိုဖွင့်ပြီးအောက်ထပ်ကိုခပ်သွက်သွက်ဆင်းလာခဲ့လိုက်သည်။

"ဘာလာလုပ်တာလဲအစ်ကိုအတ္တ ဒီမှာအစ်ကို့ကိုဘယ်သူမှမကြိုဆိုဘူး"

"ဟက်! ငါကရောလာချင်လွန်းလို့ စတစ်ဘယ်မလဲငါ့ကိုပေးစမ်း"

"ဘာလဲဘာမှမသိဘူး"

"မင်းမလိမ်နဲ့ငါမင်းအခန်းရောတခြားအခန်းတွေထဲပါရှာပြီးပြီမင်းယူသွားတာသေချာတယ်"

"မရှိပါဘူးဆိုနေမှပဲ အဲ့နေ့ကအဝတ်အစားအပြင်ဘာမှမထည့်လာခဲ့ဘူး"

"မင်း!"

"အစ်...အစ်ကို...အစ်ကိုအတ္တ...လွှတ်..."

လွန်းအတ္တက ကဗျာရိပ်ရဲ့လည်ပင်းကိုအားနဲ့ညစ်နေတာဖြစ်လို့စကားထက်ပြောဖို့အဆင်မပြေတော့ချေ။ ဒီလူကအတ္တကြီးတယ်သူလိုချင်တာမရရင်သတ်ပစ်မယ့်လူစားဒါပေမဲ့သူလိုချင်တာကိုလဲပေးလို့မရအဲ့ဒီအရာကကဗျာရိပ်မှာရှိနေတဲ့တစ်ခုတည်းသောသက်သေဖြစ်နေတာကြောင့်ပင်။

"မပေးဘူးပေါ့ ရတယ်လွန်းကဗျာရိပ် မင်းသေလိုက်တော့"

ကဗျာရိပ်ရုန်းလေလည်ပင်းကိုအားထည့်ညစ်လေဖြစ်တာကြောင့်ဆက်ရုန်းဖို့လဲအဆင်မပြေတော့ချေ။ ဒီပုံစံအတိုင်းသာနောက်၅မိနစ်ဆိုကဗျာရိပ်တကယ်သေဆုံးသွားနိုင်သည်။

"ငါ့အိမ်ထဲအထိလာပြီး ငါ့လူကိုထိရဲတာ သတ္တိအတော်ရှိနေတယ်ထင်တယ် လွန်းအတ္တ"

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now