Arc 6.1 ~Hnaing~

1.8K 150 22
                                    

Unicode

ရှောင်ကျန့် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ရှေ့တွင် ၂နှစ်အရွယ်ကလေးတစ်ယောက်ကဘဲရုပ်လေးများဖြင့်ဆော့နေပြီး သူ့လက်ထဲတွင်တော့ကလေးအတွက်အဟာရဖျော်ထားတဲ့ပန်းကန်လေးရှိနေသည်။ ပန်းကန်ထဲကနောက်ဆုံးတစ်လုပ်စာကိုကလေးကိုခွံကျွေးလိုက်ပြီး ဘေစင်တွင်ပန်းကန်ဆေးလိုက်ပြီး ကလေးအနားပြန်လျှောက်လာတော့ ကလေးကချီခိုင်းနေသည်ကြောင့်ချီရန်အလုပ်သူဝတ်ထားသည်များကိုသတိထားမိသွားကာ မျက်နှာတစ်ခုလုံးရဲတက်လာပေမဲ့ကလေးကိုတော့ချီလိုက်လေသည်။

*ပူး! ခွေးသားလာစမ်း*

[ဟိုးထားHost စိတ်လျော့Hostဝင်ထားတဲ့ကိုယ်ကယောကျာ်းလေးပါ]

*ဒါဆိုဘယ်လိုလုပ်မိန်းကလေးအင်္ကျီကရှိနေရတာလဲ ပြီးတော့ရင်ဘက်ကရောဘာလို့ပြားကပ်မနေတာလဲ*

[Host ဇာတ်ကြောင်းအရင်ဖတ်လေဗျာ ပူးကိုပဲရန်လုပ်မနေနဲ့]

"မာမား ရိပ်ချင်ပီ"(အိပ်ချင်ပြီ)

"အင်းအင်း မာမားသိပ်မယ်နော်"

သူ့အင်္ကျီကိုလှန်ကာ ကလေးအားနို့တိုက်ရင်း တင်ပါးလေးပုတ်ကာသိပ်လိုက်တော့ခဏလေးအတွင်းကလေးကအိပ်ပျော်သွားလေသည်။ ကလေးအိပ်တာနဲ့ ကလေးပါးစပ်လေးကိုသူ့ရင်ဘက်နေရာမှခွာလိုက်ချိန် မကျေမနပ်ရေရွတ်သံတစ်ခုထွက်ပေါ်လာသည်။

"ကျစ်! ဘာလို့ဧည့်ခန်းမှာသားကိုနို့တိုက်တာလဲ"

"ဟင်"

"သားအိပ်နေပြီမလား ကိုယ့်ကိုပေးကိုယ်သိပ်ခဲ့မယ် မင်းကကိုယ့်အတွက်ကော်ဖီဖျော်ထားပေး"

"အင်း"

*ပူးဇာတ်ကြောင်း*

[ဟုတ်]

ဇာတ်ကြောင်းအရ သူဝင်ထားတဲ့ကိုယ်ပိုင်ရှင်က စေတုနှိုင်းဖြစ်ပြီး ဇာတ်လိုက်ဘုန်းမင်းလျှံ၏အယောင်ဆောင်ဇနီးဖြစ်သည်။ ဘုန်းမင်းလျှံမှာချစ်သူရှိပြီး သူမနာမည်ကယမှုံနှင်းဖြစ်ပြီး ဘုန်းမင်းလျှံ၏အချစ်ဦးဖြစ်သည်။ ယမှုံနှင်းကနိုင်ငံခြားသို့ပညာတော်သင်သွားချိန် ယမှုံနှင်းကဘုန်းမင်းလျှံကိုလမ်းခွဲသွားခဲ့သည်။ ထို့နောက်သူမမိဘတွေကသူတို့အချစ်ရေးကိုမသိဘဲသူမကိုစေ့စပ်ပေးလိုက်ချိန်မှာ ဘုန်းမင်းလျှံက သူ့သူငယ်ချင်းရဲ့ဖအေတူမအေကွဲညီဖြစ်တဲ့စေတုနှိုင်းကိုသူနဲ့အချိန်တစ်ခုအထိအယောင်ဆောင်လက်ထက်ပေးရန်တောင်းဆိုခဲ့သည်။ စေတုနှိုင်းတို့မိသားစုကလန်ဒန်မှာအခြေချတာကြောင့်စေတုနှိုင်းကိုယောကျာ်းလေးမှန်းဘယ်သူကမှမသိကြပေ။ စေတုနှိုင်းကိုယ်တိုင်ကလဲဆံပင်ဂုတ်ဝဲကလေးနှင့်မိန်းကလေးရှုံးအောင်လှသည်။ ဒါကိုအခွင့်ကောင်းယူပြီး ဘုန်းမင်းလျှံကစေတုနှိုင်းကိုမိန်းကလေးလိုပဲဝတ်စားဆင်ယင်ဖို့ပြောလာသည်။ စေတုနှိုင်းကတော့ဘုန်းမင်းလျှံကိုမြင်မြင်ချင်းချစ်မိခဲ့တာကြောင့်ဘုန်းမင်းလျှံဘာကိုပဲတောင်းဆိုနေပါစေအကုန်လိုက်လျောသည်။ တစ်ရက်မှာတော့ partyပွဲတစ်ခုကအပြန် ဘုန်းမင်းလျှံနဲ့စေတုနှိုင်းညှိစွန်းခဲ့ကြသည်။ ထင်မှတ်မထားသည်ကစေတုနှိုင်းမှာကိုယ်ဝန်ရသွားခဲ့ခြင်းပင်။ စေတုနှိုင်းကသားလေးတစ်ယောက်မွေးပြီးကလေးနာမည်ကဘုန်းမင်းသျှန်ဖြစ်သည်။ ဘုန်းမင်းလျှံဟာလည်းစေတုနှိုင်းကိုမချစ်ပေမဲ့အိမ်ထောင်ရေးမဖောက်ပြန်တဲ့အပြင် သူ့သားကိုလဲလိုလေသေးမရှိအောင်ထားကာချစ်ပေးသည်။ သူတို့မိသားစုအဆင်ပြေပြေရှိခဲ့ကြသေးသည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now