Arc 2.1 ~Zhao Yuan~

2.5K 169 11
                                    

Unicode

ရှောင်ကျန့်မူးဝေနေသည့်ခေါင်းကြောင့်ချက်ချင်းမျက်လုံးမဖွင့်နိုင်သေးပေ။ ခဏအကြာမှမျက်လုံးဖွင့်ကြည့်လိုက်တော့ သူရောက်နေတာရုံးခန်းတစ်ခုဖြစ်ပြီး သူ့ရှေ့မှာမတ်တပ်ရပ်နေသူကသူ့အားစူးရဲစွာကြည့်နေလေသည်။

"သတိရရင်လဲထတော့ အလုပ်သွားလုပ်တော့"

"အင်း"

ဇာတ်ကြောင်းမသိသေးသည့်အတွက်သူ့တွင်အင်းဆိုသည့်စကားတစ်လုံးကလွှဲ၍ပြောစရာစကားမရှိ။ အခန်းထဲကထွက်လိုက်တော့ သူ့အနားကိုရောက်လာသည့်မိန်းကလေးတစ်ဦး။

"ဟမ့် မူယာမာယာများနေတဲ့အခြောက်ကောင်"

"ခြောက်မခြောက်နင်ခံဖူးလို့လား"

"ယွမ်ယွမ်! နင်မရိုင်းနဲ့ငါပါးနဲ့ပြန်တိုင်မှာနော်"

"အဲ့တော့ငါကကြောက်ရမှာလား လစ်စမ်းပါ! အာရုံလာမစားနဲ့"

ဘုကြည့်ကြည့်နေသည့်ထိုမိန်းကလေးအားဂရုစိုက်မနေတော့ဘဲ သန့်စင်ခန်းကိုရှာပြီးအထဲဝင်ကာမျက်နှာအရင်သစ်ချလိုက်သည်။

*ပူး ဇာတ်ကြောင်းပေးတော့*

[ဟုတ်]

ဇာတ်ကြောင်းမှာဇာတ်လိုက်က တရုတ်-USကပြားတစ်ဦးဖြစ်သည်။ Leoလို့သာသူ့ကိုယ်သူသုံးနှုန်းတတ်ပြီးဝမ်ဟိုက်ကျန်းဆိုသည့်နာမည်ကိုအသုံးပြုလေ့သိပ်မရှိ။ ဖခင်ဖြစ်သူနှင့်USမှာနေထိုင်ကာChinaကမိခင်ဖြစ်သူဆီအလည်လာရင်းလုပ်ငန်းစုတစ်ခုကိုတည်ထောင်ခဲ့သူဖြစ်သည်။ တော်တယ်၊ထက်မြက်တယ်၊ချောမောတယ် ပြည့်စုံသည့်လူတစ်ယောက်ဖြစ်သည်။ သူကတော့ကျောက်အိမ်တော်ရဲ့သားကြီးဖြစ်ပြီးနာမည်ကကျောက်ယွမ်ဖြစ်သည်။ ယွမ်ယွမ်ကိုသူ့အဖေကLeoဆီမှာအတွင်းရေးမှူးအဖြစ်အလုပ်ဝင်စေပြီးလုပ်ငန်းပိုင်းကိုသင်ယူစေခဲ့တာဖြစ်သည်။ ယွမ်ယွမ်ကLeoကိုစတွေ့တွေ့ခြင်းမှာပဲချစ်မိခဲ့သူဖြစ်ပြီးLeoကိုပိုးပန်းခဲ့ပေမဲ့Leoကယွမ်ယွမ်ရဲ့မိထွေးဖြစ်သူရဲ့သမီးကျောက်ယွင်ကိုသာရွေးချယ်ခဲ့သည်။ ကျောက်ယွင်ကမိထွေးဖြစ်သူရဲ့အရင်အိမ်ထောင်နဲ့ရတဲ့သမီးဖြစ်ကာ ယွမ်ယွမ်ထက်ရက်ပိုင်းမျှသာငယ်သည်။ မွေးနေ့သိပ်မကွာသည့်အချက်ကပင်ယွမ်ယွမ်အတွက်မမျှော်လင့်ခြင်းတွေယူဆောင်လာခဲ့လေသည်။ ယွမ်ယွမ်ရဲ့မွေးနေ့မှာ ယွမ်ယွမ်ကLeoကိုဆေးခပ်ခဲ့ပေမဲ့ Leoကကျောက်ယွင်နဲ့ကျူးလွန်မိတာကြောင့်ကျောက်ယွင်ရဲ့မွေ့နေ့မှာလက်ထက်ခဲ့ကြသည်။ ယွမ်ယွမ်ကတော့သူ့တို့လက်ထက်မယ့်နေ့မှာပဲ ဒီနိုင်ငံကအပြီးတိုင်ထွက်သွားဖို့လေယာဥ်ကွင်းကိုသွားချိန်မှာကားအက်ဆီးဒန့်ဖြစ်ပြီးသေဆုံးသွားခဲ့သည်။ ဒါဟာအများသိတဲ့ဇာတ်လမ်းဖြစ်ပြီးအမှန်တကယ်မှာတော့ Leoကိုဆေးခပ်ခဲ့သူကကျောက်ယွင်ဖြစ်ပြီးLeoနဲ့ကျူးလွန်ခဲ့မိသူကယွမ်ယွမ်ဖြစ်သည်။ Leoမနိုးခင်အခန်းထဲကထွက်သွားမိတဲ့ယွမ်ယွမ်ကြောင့်ကျောက်ယွင်ကအကွက်ချခဲ့ခြင်းဖြစ်သည်။ ယွမ်ယွမ်ရဲ့ကားကိုလည်းဘရိတ်ကြိုးဖျက်ကာ accidentဖြစ်စေခဲ့တာပဲဖြစ်သည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now