Arc 4.6 ~Mingzé~

1.8K 128 19
                                    

Unicode

နောက်တစ်နေ့မနက်မှာတော့ မင်းသမီးယွီရှင်းအားအမိန့်ဒဏ်ချမှတ်ရတော့မည်ဖြစ်သည်။ ယွီရှင်းကဖြေရှင်းသလိုယွီရှင်းမလုပ်နိုင်မှန်းလဲသူသိပေမဲ့ သက်သေအားလုံးက ယွီရှင်းကိုသာဖော်ပြနေကာ အဆိပ်ပုလင်းကိုပင်ယွီရှင်းနန်းဆောင်ထဲကရှာတွေ့ခဲ့တာဖြစ်သည်။ ထို့အပြင်အံ့ဩစရာကောင်းစွာပဲ ​မင်ဇီရဲ့ကိုယ်ရံတော်ရှောင်ရိဟာလည်းပျောက်နေလေသည်။ ထိုနေ့မတိုင်ခင်အထိရှောင်ရီဟာယွီရှင်းအနားမှာပဲရှိနေခဲ့သည်ကြောင့် ပြဿနာဟာဖြေရှင်းဖို့မဖြစ်နိုင်တော့သယောင်ပင်။

"မင်းသမီး မင်ယွီရှင်းကို ကြင်ယာတော်ပိုင်မင်ဇီအားသတ်ရန်ကြံစည်မှုနဲ့...."

"ဘယ်သူပြောတာလဲ ယွီရှင်းကကျွန်တော်မျိုးကိုသတ်ဖို့ကြံစည်တယ်လို့"

ဟဲ့ကျွင်းပြစ်ဒဏ်မချသေးခင်မှာပဲ ကြင်ယာတော်ပိုင်မင်ဇီကညီလာခံခန်းမထဲဝင်လာကာ သူ့အနောက်တွင်ကိုယ်ရံတော်ရှောင်ရိလည်းလိုက်ပါလာလေသည်။

"မင်ဇီ~"

"အရှင် ယွီရှင်းမှာအပြစ်မရှိပါဘူး ကျွန်တော့်ကိုယုံပါ"

မင်ဇီနေပြန်ကောင်းလာတာကိုတွေ့တဲ့မင်စီကဒေါသထွက်သွားပေမဲ့ ဟန်ဆောင်နေလိုက်ပြီးမင်းသမီးယွီရှင်းကိုအရင်အပြစ်လွှဲချဖို့ဦးတည်လိုက်သည်။

"ဒါပေမဲ့သက်သေကရှိနေပြီးသားလေ မင်းသမီးယွီရှင်းကတရားခံပဲ"

"ဒီလိုဆိုရင် အဲဒီအဆိပ်ပုလင်းကိုငါ့အဆောင်မှာတွေ့ရင်ရော ငါကငါ့ကိုယ်ငါထိခိုက်အောင်လုပ်ပြီးသူများကိုခြောက်ချပါတယ်လို့အပြစ်တင်ခံရမှာလား"

"ဒါက...."

"ထားတော့ အရှင်နဲ့ပဲရှင်းလိုက်မယ် မဆိုင်သူဝင်မပါနဲ့"

"သက်သေရှိသလားမင်ဇီ"

"ရှိပါတယ်အရှင် ရှောင်ရိဝင်လာခိုင်းလိုက်"

ရှောင်ရိနှင့်အတူ အသက်ကြီးကြီးအဖိုးအိုတစ်ယောက်နှင့်အတူအစေခံမိန်းကလေးနှစ်ယောက်ဝင်လာသည်။ ထိုအချင်းအရာကိုမြင်တော့ မင်စီခြေပင်မခိုင်ချင်တော့ပေ။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now