Arc 3.6 ~ChaeSoo~

1.9K 133 8
                                    

Unicode

လီ Groupရဲ့ CEOလို့မပြောရဘူး Weddingအပြင်အဆင်နဲ့တင် လူရှိန်အောင်ခန်းနားနေသည်။ လီဆိုဟျောင်းနှင့်သူ့ချစ်သူဖြစ်တဲ့တိုင်းတပါးသူလေး Scarletနဲ့လက်ဆက်တဲ့ပွဲက ဂုဏ်ရှိန်ဝါကြီးသည့်မိသားစုနှစ်စုဖြစ်သည့်အလျောက် လာရောက်ချီးမြှင့်သူများစွာရှိပြီးစည်ကားလွန်းလှကာ WeddingကိုLiveလွင့်တင်ဆက်ပြသနေလေသည်။ Weddingကိုချယ်ဆွန်းကသတို့သားအရံအနေနဲ့တက်ရောက်ရတာကြောင့် ဆိုယွန်းရဲ့အစီစဥ်ကိုကူညီချင်သော်လည်းမအားလပ်နိုင်ပေ။ ဆိုယွန်းကတော့ပွဲကို မီဟိုနှင့်အတူတက်ရောက်လာကာ ပရိတ်သတ်အာရုံကိုဖမ်းစားထားသည်။ ချယ်ဆွန်းမကျေနပ်ပေမဲ့ အာရုံဖမ်းစားနိုင်လေအစီစဥ်ပိုအဆင်ပြေလေဖြစ်တာကြောင့် ကိုယ့်ဒေါသကိုယ်ပြန်ပြန်မြိုချနေရသည်။

*သည်းခံစမ်း ချယ်ဆွန်း Missionအတွက်သည်းခံ*

[အမယ် Missionအတွက်ဆိုပဲ Missionကဘာလဲတောင်မှတ်မိတာမဟုတ်ဘဲနဲ့]

*ဒီပူးဖရိုဖရဲကတော့လား Missionမှာကင်မ်မီဟိုကိုလက်စားချေရန်ပါတယ်လေ*

[အပို​တွေ Missionဖြင့်၃ခုလေးကိုအခုထိတစ်ခုမှမလုပ်ရသေးဘဲနဲ့အာချောင်နေတာ ဪ ဒါနဲ့ ပူး is gentlemanပါနော်]

*ဘာgentlemanလဲ အကောင်ကြည့်တော့လက်ဖဝါးလောက်နဲ့ Missionကမီဟိုကိုရှင်းပြီးမှအိမ်ထောင်ရေးထူထောင်လို့ရမှာလေ ယူပြီးမှဂေဟာကိုထောက်ပံ့မှာပေါ့*

[Hostပြောတော့လဲ Hostစကားပေါ့]

*လေသံကိုကအချိုးကိုမပြေဘူး*

[Like Host Like Systemပါပဲနော်]

ချယ်ဆွန်းတစ်ယောက် Weddingတစ်လျှောက်လုံးပူးနဲ့ရန်ဖြစ်နေတာနဲ့ Weddingပြီးမှသာ ဘေးပတ်ဝန်းကျင်ကိုအာရုံပြန်ရသည်။ စားသောက်နေကြချိန်ဖြစ်လို့ ကိုယ့်ဝိုင်းနဲ့ကိုအာရုံများနေကြချိန် ဆိုယွန်းကမီဟိုလက်ကိုဆွဲကာ ချယ်ဆွန်းရပ်နေတဲ့နေရာအထိဆွဲခေါ်လာပြီးနောက် ချယ်ဆွန်းရှေ့ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်သည်။

"ကိုယ့်ကိုလက်ထက်ပါ baby"

'ဟယ် ဘယ်လိုဖြစ်တာလဲ'
'ဟုတ်ပါ့ လီဆိုယွန်းက ကင်မ်မီဟိုနဲ့တွဲနေတာဆို'
'ပတ်ချယ်ဆွန်းကိုလက်ထက်ခွင့်တောင်းနေတာတော့'
'ဘာတွေလဲ နားကိုမလည်တော့ဘူး'

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now