Arc 2.6 ~Zhao Yuan~

2.2K 155 4
                                    

Unicode

Leoနဲ့ယွမ်ယွမ်တို့ရဲ့မင်္ဂလာပွဲကနှစ်ဖက်မိတ်အပြည့်နဲ့စည်ကားလို့နေသည်။ အချိန်တစ်လအတွင်းလူကြီးတွေကသူတို့ခြေသူဆို့လက်အကုန်လုပ်သွားတာကြောင့်ဖိတ်စာ၊ ဝတ်စုံနဲ့လက်စွပ်တွေကိုသာသူတို့ရွေးချယ်ခဲ့ရတာဖြစ်သည်။ ဒါပေမဲ့ပွဲအပြင်အဆင်ကအစအစားအသောက်အထိယွမ်ယွမ်နှစ်သက်မည့်အရာတွေနဲ့သာပြင်ဆင်ထားသည်က သူ့ကိုဘယ်လောက်အရေးပေးလဲသိသာလှသည်။ ခန်းမထဲပါးရဲ့လက်ကိုဆွဲပြီးဝင်လာချိန် Fatherရဲ့အရှေ့မှာရပ်ကာသူ့အားငေးကြည့်နေသည့်Leoကိုပြုံးပြမိတော့ Leoကမျက်နှာလွှဲကာမျက်ရည်ခိုးသုတ်ရှာသည်။

"ပါးရဲ့သားငယ်ကိုမင်းရဲ့လက်ထဲယုံယုံကြည်ကြည်အပ်ပေးတာဖြစ်လို့ မချစ်တော့ရင်လဲဂုဏ်သိက္ခာရှိစွာနဲ့ပါးဆီပြန်လာအပ်ပေးပါLeo"

"ပါးရဲ့ယုံကြည်မှုကိုမပျက်စေရပါဘူး ကျွန်တော့်ကိုစိတ်ချပါ"

Fatherရဲ့နောက်ကနေလိုက်ဆိုကာကတိကဝတ်များပြုပြီးချိန်မှာတော့ Fatherထံမှသတို့သားနှစ်ဦးအနမ်းပေးလို့ရပါပြီဆိုသည့်စကားသံအဆုံး Leoကယွမ်ယွမ်ရဲ့ခါးကိုဖက်ကာနှုတ်ခမ်းပါးတို့ကိုညင်သာစွာနမ်းရှိုက်လာလေသည်။

'ဒုန်း'

"အခုချက်ချင်းရပ်"

Leoနဲ့ယွမ်ယွမ်အပြင်ပွဲထဲရှိသူအားလုံးရဲ့အကြည့်တွေက ခန်းမတံခါးဝမှတစ်ဆင့်ပွဲထဲဝင်လာသည့် ကျောက်ယွင်တို့သားအမိထံကြရောက်လို့သွားသည်။ လက်ထဲတွင်စာရွက်တချို့ကိုင်ကာ ကျောက်ယွင်ကဝမ်းနည်းဟန်လုပ်ကာမအေဖြစ်သူကဒေါသတကြီးကြည့်နေလေသည်။

"Leo မင်းနဲ့ရတဲ့ကိုယ်ဝန်အန်တီ့သမီးကလွယ်ထားရပြီ အဲ့ဒီတော့မင်းတာဝန်ယူရမယ် မယူရင်တရားဥပဒေအရတရားဆွဲမယ်"

ယွမ်ယွမ်ခပ်ကျယ်ကျယ်အော်ရယ်လိုက်ကာ Leoဘက်လှည့်ကြည့်ပြီးခေါင်းငြိမ့်ပြလိုက်သည်။ ဒီအကွက်လောက်နဲ့သူကLeoကိုသံသရဖြစ်စရာလား။

"အကွက်ဟောင်းကြီးနဲ့အန်တီရာ မရှိတဲ့ကိုယ်ဝန်ကိုအရှိလုပ် ဆရာဝန်ကိုလက်ထိုးပြီးဘယ်သူရိုက်ထားမှန်းတောင်မသိတဲ့အန်ထရာဆောင်းနဲ့ဆေးမှတ်တမ်းအတုတွေယူလာရုံနဲ့ကျွန်တော်တို့ကယုံပေးမယ်လို့ထင်နေတာလား?"

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now