Arc 4.3 ~Mingzé~

1.9K 142 10
                                    

Unicode

ညဘက်အိပ်ရာဝင်ချိန်မှာတော့ ဆိုင်းမဆင့်ဘုံမဆင့်ရောက်ချလာတဲ့ဧကရာဇ်ဟဲ့ကျွင်းကိုမင်ဇီမှုန်ကုပ်ကုပ်ဖြင့်ကြည့်နေလိုက်သည်။

"အရှင်လမ်းမှားလာတာလား"

"မမှားပါဘူး ကိုယ်တော်ကမင်းဆီကိုပဲလာတာပါ"

"အိုး..မသိပါဘူးကြင်ယာတော်မင်စီရဲ့အဆောင်နဲ့မှားလာတယ်ထင်လို့ပါ"

"ဘာကြောင့်အဲဒီလိုထင်တာလဲ"

"သူပြောပြလို့လေ အရှင်ကသူနဲ့ညတိုင်းအတူရှိနေတယ်ဆိုပြီးတော့မနက်ကလည်းကျွန်တော်ကိုယ်တိုင်တွေ့ခဲ့တာပဲ"

"မဟုတ်ဘူးကလေးအထင်လွှဲတာ မနက်ကမှသူရောက်လာတာကိုယ်က ကိုယ့်ဘာသာမနက်စာစားနေတာ"

"ဘယ်သူကကလေးလဲ ပြီးတော့ဘာလို့အဲ့လောက်ရှင်းပြနေတာလဲကျွန်တော်မမေးပါဘူးနော်"

"ကလေးကမင်းလေးပဲလေ ကိုယ့်ရဲ့ကလေးလေးအခုတောင်စိတ်ကောက်နေတာမဟုတ်လား"

"စွပ်စွပ်စွဲစွဲ"

"မစွပ်ချင်ပါဘူး ဆွဲပဲစားချင်တာ"

'မွ'

ဟဲ့ကျွင်းထိုင်နေရာမှထကာသူ့ကလေးပေါက်စအားနဖူးလေးကိုနမ်းလိုက်တော့တအံ့တဩမော့ကြည့်လာပုံလေးကအသည်းယားစရာအတိ။

"ကိုယ်ချစ်တာမင်းလေးတစ်ယောက်ပဲရှိတယ် ကိုယ့်ကိုယုံပါ ကိုယ့်ရဲ့ပထမဆုံးအကြိမ်ကမင်းနဲ့ပဲအစချီခဲ့သလိုနောက်ဆုံးအကြိမ်ကလဲမင်းနဲ့ပဲအဆုံးသတ်မှာ"

"ကျွန်တော်ရှက်လာပြီ"

"မရှက်ပါနဲ့ခဏနေရင်ပိုရှက်ရတော့မှာ"

ပြောပြီးသည်နှင့်ဧကရာဇ်ကသူရဲ့နဂါးဝတ်ရုံကိုချွတ်လိုက်ကာသူ့ရဲ့ကြင်ယာတော်လေးအားပွေ့ချီလိုက်ရင်းကုတင်ထက်အသာအယာတင်ပေးကာနှုတ်ခမ်းလေးအားသိမ်းပိုက်လိုက်သည်။ ခဏအကြာမှာတော့အဆောင်တွင်းထွန်းထားသည့်မီးဟာမိန်ဖျော့သွားကာသာယာစွာညီးနေသည့်အသံတစ်ချို့ထွက်ပေါ်လာသည်။

နောက်တစ်နေ့မနက်မှာတော့ မင်ဇီနိုးလာတော့အရင်ဆုံးမြင်လိုက်ရသည်က အဝတ်မပါသည့်ရင်ပြင်ကျယ်ကျယ်။ စောင်ကရသည့်အနွေးဓာတ်ထက်ထိုလူသား၏ရင်ခွင်ငွေ့ကပိုလို့ပင်နွေးနေသယောင်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now