Arc 1.5 ~Loon Kabya~

2.4K 165 5
                                    

Unicode

မင်းဥက္ကာမောင် J Kingတို့ကိုအ​ခြေအနေလာစမ်းစစ်နေချိန် အပေါ်ကကျလာတဲ့တစ်စုံတစ်ရာကြောင့်ဖမ်းလိုက်မိတော့ မျက်လုံးစုံမိတ်ကာဆဲနေတဲ့ကဗျာရိပ်ကိုတွေ့လိုက်ရသည်။

"ကဗျာရိပ်"

"ဟင် ဟိုလူကြီး"

သူခေါ်လိုက်မှမျက်လုံးလေးဝင့်ကာကြည့်လာပြီး မျက်နှာချိုသွေးကာရယ်ပြနေသည်။

"လူကြီးလမ်းလျှောက်ထွက်လာတာလား"

"လမ်းလျှောက်ထွက်တယ်? ကဗျာရိပ်ကိုယ့်အိမ်နဲ့ဒီနေရာရဲ့အကွာအဝေးကကိုယ်ရောမင်းရောလမ်းလျှောက်ထွက်နိုင်တဲ့အကွာအဝေးမဟုတ်ဘူးထင်တယ်"

"ဒါကဒီလိုရှိတယ်"

"ဟိုဟာကတော့ဟိုလိုရှိတာပေါ့"

"ဆံပင်မွေးနှုတ်ပြီးငပိနဲ့သုတ်လိုက်ရ မပြောင်စမ်းနဲ့ခင်ဗျားကြီး"

မင်းဥက္ကာမောင်သူ့ရှေ့ကကောင်လေးအပြောကြောင့်သဘောကျစွာရယ်လိုက်မိသည်။ ထို့နောက်ကောင်လေးကိုခေါ်ကာ ကားထဲဝင်စေလိုက်ပြီးအိမ်ကိုမောင်းလာခဲ့လိုက်သည်။ အိမ်ကိုရောက်တာနဲ့ကားပေါ်ကလစ်ခနဲပြေးဆင်းသွားပြီး အိမ်ထဲဝင်သွားသည်။ ကားကိုခြံစောင့်အားသွင်းခိုင်းလိုက်ပြီးသူလည်းအိမ်ထဲလိုက်ဝင်လာလိုက်တော့ ဧည့်ခန်းမှာထိုင်ကာဖျော်ရည်သောက်နေတဲ့အနှီးကောင်လေး။

"ကဲ ဆိုပါဦး ဘာကိစ္စနဲ့အဲ့ဒီ့နေရာကိုရောက်နေသလဲ"

"J Kingအကြောင်းစုံစမ်းချင်လို့လေ ဪ မေ့တော့မလို့ကျွန်တော်videoရိုက်လာတယ်ကြည့်ကြည့်လိုက်"

ဖုန်းကိုအတင်းထိုးပေးနေတဲ့ကောင်လေးကြောင့်ယူကြည့်လိုက်တော့ ဒီသက်သေကလုံလောက်တဲ့သက်သေဖြစ်နေသည်။ ဒီကောင်လေးကထင်သလောက်မတုံးအပေ သူလည်ရင်ကိုယ်တွေMafiaထက်တောင်သွက်လက်နေသေးသည်။

"အဲ့တော့ခင်ဗျားဘာဆက်လုပ်မလဲ"

"တည့်ရှင်းကြရုံပဲပေါ့ ဒါပေမဲ့ကိုယ်ကခရီးသွားစရာရှိနေတယ်"

"ဘယ်နှရက်ကြာမှာလဲ"

"တစ်ရက်ပါပဲ မနက်ဖြန်တစ်ရက်ပဲကြာမှာ"

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now