Arc 2.3 ~Zhao Yuan~

2.4K 167 12
                                    

Unicode

ကုမ္ပဏီကိုရောက်ကတည်းက Leoကိုစကားမပြောဘဲပတ်ရှောင်နေတဲ့ယွမ်ယွမ်ကြောင့် Leoစိတ်တိုလာရသည်။ ဘာလို့လဲမေးတော့မဆိုင်ဘူး အေးဆိုင်အောင်တော့လုပ်ပစ်အုံးမည်။ ယွမ်ယွမ်ရဲ့စားပွဲနားကိုသွားပြီး စားပွဲခုံကို လက်ညိုးကွေးပြီးခေါက်လိုက်တော့မော့ကြည့်လာသည်။

"ရုံးခန်းကိုခဏလိုက်ခဲ့"

"ဟုတ်"

အခန်းထဲကိုရောက်တာနဲ့ တံခါးကိုလော့ချလိုက်ပြီး ယွမ်ယွမ်ရဲ့ခါးလေးကိုအနောက်မှသိမ်းပွေ့လိုက်ပြီး လည်တိုင်တွင်မျက်နှာအပ်လိုက်တော့ ရင်ခွင်ထဲကကိုယ်လုံးလေးကအနည်းငယ်တွန့်သွားကာရုန်းလာသည်။

"ညိမ်ညိမ်နေ မရုန်းနဲ့စမ်း ယွမ်"

"ဘာဆိုင်လို့မရုန်းရမှာလဲ ကျွန်တော်ကခင်ဗျားရဲ့...."

"ကျစ်! တော်စမ်းယွမ် ကိုယ်သူ့ကိုမချစ်ဘူး"

"မချစ်ရင်ဘာကိစ္စတွဲနေသေးလဲ"

"ကိုယ်သေချာတဲ့နေ့ကြအကြောင်းရင်းကိုပြောပြမှာပါ"

"ဒါဆိုလဲသေချာတဲ့နေ့မှထိ"

ပြောပြီးသည်နှင့်အတင်းရုန်းကအခန်းထဲကထွက်သွားတဲ့ယွမ်ယွမ်ကြောင့်Leoခေါင်းကိုက်ရပေတော့မည်။ ယွမ်သူ့ကိုချစ်တာကိုသိသည် သို့ပေမဲ့သူ့တွင်အကြောင်းရာတစ်ချို့ရှိနေလေသည်။ သေချာအောင်စုံစမ်းကြည့်ဖို့လိုအပ်နေပြီဖြစ်သည်။

"ဟယ်လို မိုက်ခ် ငါမင်းကိုလူတစ်ယောက်ပုံပို့ပေးလိုက်မယ် ညရောက်တာနဲ့ငါ့စာကြည့်ခန်းကစားပွဲမှာအချက်အလက်fileရောက်နေပါစေ"

"ဟုတ်ကဲ့ပါ CEO"

ယွမ်ယွမ်ကတော့ နေ့လည်စာစားချိန်ထက်စောစွာအနားယူ၍ သီးသန့်ပြုလုပ်ပေးထားသောထမင်းစားခန်းထဲသို့ဝင်ကာ CEO​ဖြစ်သူအတွက်ပြင်ဆင်ပေးထားသည့်နေ့လည်စာကို အားရပါးရစားနေတော့သည်။

[Host နည်းနည်းလောက်မျှအုံး]

*မင်းလည်းအကောင်သေးလို့ပဲနော်ပူး အကောင်သာကြီးရင်မင်းစားဖို့ကိုစည်ပိုင်းနဲ့သယ်ရလိမ့်မယ်*

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now