Arc 6.4 ~Hnaing~

1.8K 143 24
                                    

Unicode

"သူကဘယ်သူလဲနှိုင်း"

ကိုဖြိုးကိုသေချာကြည့်ကာမေးလာသည်ကြောင့် နှိုင်းကိုဖြိုးကိုပင်အားနာသွားရသည်။ ကိုဖြိုးကတော့သူ့အကြည့်ကိုဗွေမယူပုံရပါသည်။ ပြုံးပြီးတော့သူ့ကိုတောင်နှုတ်ဆက်နေလေသည်။

"ဖြိုးဇေယျာပါ စေတုအစ်ကိုရဲ့သူငယ်ချင်းပါ"

"ဘုန်းမင်းလျှံ နှိုင်းရဲ့အမျိုးသား"

ပြန်နှုတ်ဆက်တဲ့ပုံစံကိုကအချိုးကိုမပြေနေတာပင်။ ကိုဖြိုးကတော့ရယ်ပင်ရယ်နေပြီးသူ့ကိုအပြစ်မြင်ပုံလည်းမရပါ။

"ဟုတ်ပါပြီ ဒါဆိုခွင့်ပြပါဦး စေတု"

"ရတယ် ငါ့ကိုပေးလိုက်"

သားကိုနှိုင်းချီဖို့လုပ်တော့လဲသူကပဲဦးအောင်ဆွဲချီသွားသည်။ ဖြစ်ပျက်နေပုံကိုကမသိရင်ကိုဖြိုးကပဲနှိုင်းရဲ့ရည်းစားဟောင်းလိုလို။ သူကြဟိုမိန်းမနဲ့ခုထိအဆက်မပြတ်သေးဘဲနဲ့များလူကိုလာတိုပြနေတယ်။ ကိုဖြိုးထွက်သွားလို့ပြီးသွားပြီအောင့်မေ့ပါရဲ့မျှားဦးကကိုယ့်ဘက်လှည့်လာသည်။

"ဟူဒီကဆင်တူတိုင်ပင်ပြီးဝတ်လာတာလား"

"ဒီရောက်မှတွေ့တဲ့သူနဲ့စိတ်ချင်းဆက်ပြီးတိုင်ပင်ရမှာလား ဒါကသူ့ဆီကအရင်ကတည်းကလက်ဆောင်ရထားတာ"

"အခုထိသိမ်းထားသေးတာလား"

"သိမ်းထားတော့ခင်ဗျားအပူလား လူကိုလာမရစ်နဲ့နော် ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးချင်ရင်ရစ်လိုက်"

"နှိုင်းကကွာ"

"အဲ့အသံနဲ့လာချွဲတိုင်းပျော့သွားမယ်မထင်နဲ့ ယမှုံနှင်းမဟုတ်ဘူး"

"ကိုယ်တို့ရဲ့သီးသန့်အချိန်လဲယမှုံနာမည်ကဘယ်ကပါလာတာလဲ"

"သူကခင်ဗျားရဲ့အဆက်မပြတ်သေးတဲ့အချစ်ဦးလေးဖြစ်နေလို့လေ"

"ကိုယ်ဗိုက်ဆာပြီ"

တွေ့လား သူ့ကိုပြန်ထောက်ပြတော့ကြရူးချင်ယောင်ဆောင်သွားသည်။ နှိုင်းပြောပါတယ် ဘုန်းမင်းလျှံကလူလည်ကြီးပါလို့။ ညစာကိုအပြင်မှာစားပြီးမှအိမ်ပြန်ဖြစ်ကြသည်။ သူတို့အိမ်ကိုပြန်ရောက်တော့သားကအိပ်ပျော်နေပြီဖြစ်တာကြောင့်နှိုင်းသားကိုအရင်သိပ်ဖို့လုပ်ရသည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now