Arc 6.5 ~Hnaing~

1.8K 142 13
                                    

Unicode

"နှိုင်းကလဲကွာ ကိုယ်ဘာလုပ်မိလို့လဲ"

"ခင်ဗျားအပြစ်ခင်ဗျားမသိဘူးလား"

"နှစ်ပတ်တောင်ရှိနေပြီလေ ကိုယ့်ကိုမသနားဘူးလား"

မနက်ကတည်းကရှင်းနေရတဲ့ပြဿနာကPartyသွားခါနီးထိမပြီးပြတ်နိုင်သေးပေ။ ဒီနေ့ကုမ္ပဏီနှစ်ပတ်လည်နေ့ဖြစ်တာကြောင့် missionကိုတွေးတောနေရတဲ့ကြားထဲ သူနဲ့အတူချစ်တင်းနှောဖို့တာဆူနေတဲ့သူကြောင့် စိတ်ကမရှည်ချင်တော့ပေ။

ဆေးမိလာတာကလဲမေးပါအုံး သူ့ကိုခပ်လိုက်တာမဟုတ်ဘူးတဲ့လေ။ သူ့သူငယ်ချင်းတွေနဲ့ဘားသွားရင်းသူ့သူငယ်ချင်းသောက်ဖို့ပြင်ထားတဲ့ခွက်ကိုမှားမော့မိလာတာပါဆိုပဲ။ အဲဒီနောက်တစ်ရက်မှာပဲ နှိုင်းကိုချစ်ခွင့်ပန်ထားသည်။ နှိုင်းနှိပ်စက်ချင်သေးတာကြောင့်အဖြေမပေးသေးဘဲတမင်အချိန်ဆွဲနေတာပင်။

"သုံးနှစ်လောက်တောင်နေနိုင်သေးတာပဲမဟုတ်လား"

"အဲတုန်းကမချစ်သေးလို့လေ အခုကချစ်မိသွားပြီ"

"ခင်ဗျားချစ်မိလဲ ကျွန်တော်မှအဖြေမပေးရသေးတာ"

အပြန်အလှန်ငြင်းခုံရင်း ကားပေါ်ရောက်တဲ့မပြီိးနိုင်တော့ နှိုင်းပေါင်ပေါ်ထိုင်ရင်းသူတို့ကိုတလှည့်ဆီကြည့်နေတဲ့သားက နှိုင်းပေါင်ပေါ်မတ်တပ်ထရပ်ကာ သူ့Daddyပါးစပ်ကိုလှမ်းပိတ်ပြီး မျက်နှာလေးမဲ့ပြသည်။

"Daddy နားငြီး"

"တွေ့လား သားကတောင်ပြောနေပြီ"

"Daddy ဝူးဝူးး မောင်း"

"အမိန့်အတိုင်းပါဗျာ ဘဝကအခုမှသားမနိုင်လင်မနိုင်နဲ့"

"ဘာပြောတယ်"

"သားကအလည်လေးလို့ပြောတာ"

သူတို့Partyကိုရောက်တော့ ယမှုံနှင်းကသူ့အဖေနဲ့အတူရောက်နေပြီးဖြစ်ပြီး နှိုင်းကိုတွေ့တော့လှောင်ရယ်ဟန်ပြသည်။ နှိုင်းလဲသားကိုသူ့လက်ထဲထည့်ပြီးသူ့ပုခုံးကိုဖက်ပြလိုက်တော့ မျက်နှာပျက်ကာတစ်ဖက်ကိုလှည့်သွားသည်။

*ငါ့ကိုဒီလိုလာကြောချင်လို့ဘယ်ရမလဲ*

[Host မီးဆိုင်းကိုသတိထားနော်]

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now