Arc 3.2 ~ChaeSoo~

2K 152 11
                                    

Unicode

ချယ်ဆွန်းတို့ ရှူတင်ကိုရောက်တော့ မီဟိုကရောက်နှင့်နေပြီဖြစ်ပြီး သူတို့ဝင်လာကတည်းကဆိုယွန်းကိုမျက်လုံးတွေပြုတ်ကျမတတ်ကြည့်နေလေသည်။ ချယ်ဆွန်းနှင့်တစ်ခြားသူတွေကိုပင်မမြင်နိုင်လောက်အောင် ငမ်းနေသည့်သူမကြောင့် ချယ်ဆွန်းသူမအရှေ့ကဖြတ်လျှောက်စဥ် ခြေထောက်ကိုအားပါပါတက်နင်းချလိုက်သည်။

"အားးးးး"

"တောင်းပန်ပါတယ် ချယ်ဆွန်းသတိမထားလိုက်မိဘူး"

"ရ...ရပါတယ်"

"ချယ်ဆွန်းဘာဖြစ်သွားသေးလဲ"

အရှေ့ရောက်နေပြီဖြစ်တဲ့ဆိုယွန်းကနောက်ကိုပြန်လှည့်လာပြီး ချယ်ဆွန်းခြေထောက်ကို မ'ယူမတတ်ကြည့်ကာမေးနေသည်ကြောင့် ချယ်ဆွန်းပိုရန်ကောဆိုသည့်အကြည့်ဖြင့်သာကြည့်ပေးလိုက်သည်။

"ဟို...စီနီယာ ခိုက်မိတာကမီဟိုပါ"

"ဪ အင်း"

သူမကိုတစ်ချက်မကြည့်ဘဲ ချယ်ဆွန်းလက်ကိုဆွဲပြီးထွက်သွားတဲ့ဆိုယွန်းကိုကြည့်ကာ မီဟိုနှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။ အဲ့ဂေးကောင်က သူမထက်ဘယ်နေရာမှာသာနေလို့လဲ။

ရှူတင်တစ်ဖြတ်နားတော့ ဆိုယွန်းရဲ့နားနေခန်းမှာဆိုယွန်းနဲ့ချယ်ဆွန်းသာကျန်နေခဲ့သည်။ ဆိုယွန်းကဆိုဖာပေါ်မှာထိုင်နေတာဖြစ်ပြီး ချယ်ဆွန်းကတော့ဆိုယွန်းခါးကိုခွကာမျက်နှာချင်းဆိုင်အနေအထားဖြင့်နှုတ်ခမ်းချင်းစီးချင်းထိုးနေကြသည်။

နမ်းနေရင်း ဆိုယွန်းလက်တွေက ချယ်ဆွန်းရဲ့တင်ပါးလုံးလုံးလေးတွေကိုလာညစ်နေသည်ကြောင့်ရိုက်လိုက်ပေမဲ့ လွတ်မပေးသည့်အပြင်ပိုလို့ပင်ညစ်လာသည်။

"ဟင်းးးးဆိုယွန်း မလုပ်နဲ့ အ့!"

အနမ်းတွေကအရိုင်းဆန်လာကာ တင်ပါးပေါ်ကလက်တွေကလဲအားပါလာသည်ကြောင့် အတင်းရုန်းကန်လိုက်မှ ရပ်တန့်ကာချယ်ဆွန်းရဲ့ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားသည့်ရင်ဘက်ဖွေးဖွေးကိုနမ်းရှိုက်နေသည်။

"ဆိုယွန်း ဘယ်လိုဖြစ်နေရတာလဲ"

"အင်း လုပ်ချင်တယ်"

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Onde as histórias ganham vida. Descobre agora