Arc 3.3 ~ChaeSoo~

2K 157 10
                                    

Unicode

မနက်ခင်းနေရောင်ခြည်ကနွေးထွေးလို့နေပေမဲ့ ချယ်ဆွန်းနားထဲမှာတော့ပူးရဲ့အသံဆာဆာကငှက်ဆိုးထိုးသံလိုအော်မြည်နေသည်။

*ပူးရေ မင်းအဖေ ငါ့ကိုခဏလောက်ပေးအိပ်စမ်းပါလားကွာ*

[မရပါဘူးဆို Hostကလဲဗျာ ထပါဆိုနေ ဒီနေ့မီဟိုနဲ့ရှူတင်က ကျန်သေးတယ်လေ နောက်ပြီးmissionတွေရှိသေးတယ်လေဗျာ]

*ထပြီကွာ ထပြီ*

ကုတင်ပေါ်မှဆင်းကာရေချိုးခန်းထဲဝင်ပြီးရေချိုးဖို့လုပ်ချိန်မှန်ထဲမှာတွေ့လိုက်ရတဲ့ပုံရိပ်ကြောင့် လန့်ကာဆိုယွန်းကိုပင်ဆဲလိုက်မိသည်။

*မသာကြီး ဒီဟာတွေနဲ့ငါကလည်ပိတ်ဆွယ်တာပဲဝတ်ရတော့မှာပဲ*

ငိုမဲ့မဲ့ဖြစ်နေချိန် အနောက်ကနေခါးကိုသိုင်းဖက်ကာ ပခုံးပေါ်မေးတင်လာတဲ့သူကြောင့်ဗိုက်ကိုတံတောင်နဲ့တွတ်လိုက်တော့ ခယ်ဟဟရယ်နေလေသည်။

"ကိုကိုညကအရမ်းဆိုးမိသွားတယ်"

"ကိုယ့်ကိုယ်ကိုသိရင်ပြီးတာပဲ"

"သိပါတယ်ဗျာ ဒါပေမဲ့နောက်မှဆူအခုရှူတင်ချိန်နီးနေပြီ"

"အင်းအင်း"

သူတို့ရှူတင်ကိုရောက်တော့လူတွေစုံနေပြီအချိန်မှီရောက်တာကြောင့်အားနာစရာတော့မလိုပေ။ အချိန်မှီမရောက်တောင်ဆိုယွန်းလိုလူကိုဘာမှပြောရဲကြမှာမဟုတ်ပေမဲ့ဆိုယွန်းကအမြဲအချိန်မှီရောက်အောင်သွားတတ်သည်။ အလုပ်ချိန်မှာတာဝန်ကျေတဲ့သူဖြစ်လို့အချိန်တိုအတွင်းအောင်မြင်လာပြီးလေးစားခံရတဲ့Modelတစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်သည်။

"အစ်ကိုရောက်ပြီလား မီဟိုကကော်ဖီဝယ်ထားပေးတာ"

"မလိုဘူး ချယ်ဆွန်းဖျော်တာပဲသောက်တတ်တာ"

"ဟို...မီဟိုက"

"အလုပ်လာလုပ်တာမဟုတ်လား အလုပ်ကိုပဲအာရုံစိုက်စေချင်တယ်မီဟို မင်းကတက်သစ်စModelဖြစ်နေလို့ပိုကြိုးစားသင့်တယ်"

"သင်ပြပေးလို့ကျေးဇူးပါအစ်ကို"

"အစ်ကိုလို့မခေါ်နဲ့ မင်းငါ့ကိုစီနီယာလို့ခေါ်"

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now