Arc 1.1 ~Loon Kabya~

3.4K 200 3
                                    

Unicode

ရှောင်ကျန့်မျက်လုံးဖွင့်လိုက်ချိန်မှာ သူဟာအခန်းကျဥ်းတစ်ခုထဲရှိကုတင်တစ်ခုပေါ်တွင်အိပ်ပျော်နေတာဖြစ်သည်။ လက်ထဲတွင်အဖြူရောင်ဆေးလုံးတစ်ချို့ရှိနေပြီး ကုတင်အောက်တွင်တော့အဖြူရောင်ဆေးဗူးတစ်ဗူးကပြုတ်ကျနေလေသည်။

"ပူး"

[ကျွန်တော်ရှိပါတယ်Host စိတ်ထဲကနေစကားပြောလို့ရတယ်Host]

*ဟုတ်ပြီ မင်းကဘယ်မှာလဲငါကရောဘယ်ကိုရောက်နေတာလဲ*

[ကျွန်တော်ဇာတ်ကြောင်းပေးပါ့မယ်Host]

မူးနောက်လာတဲ့ခေါင်းထဲသို့အချက်အလက်တစ်ချို့ဝင်ရောက်လာလေသည်။ ဇာတ်ကြောင်းကိုပြန်စစ်ကြည့်တော့ စက်ဆုတ်ဖွယ်အပြည့်ပင်။ သူဝင်ထားတဲ့ကောင်လေးရဲ့နာမည်က လွန်းကဗျာရိပ်ဖြစ်ပြီး လွန်းစံအိမ်ရဲ့တရားမဝင်သားတစ်​ယောက်ဖြစ်သည်။ လွန်းစံအိမ်ဟာ မင်းမျိုးမင်းနွယ်ကဆင်းသက်လာတာဖြစ်တဲ့အတွက်စည်းကမ်းကြီးကာအာဏာရှိအိမ်တော်တစ်ခုဖြစ်သည်။ လွန်းစံအိမ်တွင်သားနှစ်ယောက်သမီးတစ်ယောက်ရှိကာ သူကတော့တရားမဝင်သားငယ်ဖြစ်ပြီး တရားဝင်သားအကြီးနဲ့သမီးငယ်တစ်ယောက်ရှိသည်။ သခင်ကြီးလွန်းအာဏာရဲ့မျိုးဆက်များဖြစ်ပြီး လွန်းအတ္တ၊ လွန်းရောင်ခြည်နဲ့လွန်းကဗျာရိပ်ဆိုပြီးမောင်နှမသုံးဦးရှိသည့်အနက် လွန်းအတ္တကနာမည်နဲ့လိုက်အောင်အတ္တကြီးပြီးရက်စက်သူဖြစ်သည်။ သမီးဖြစ်တဲ့လွန်းရောင်ခြည်ကတော့၁၂အရွယ်သာရှိသေးပြီးနူးညံ့သိမ်မွေ့တဲ့ကလေးဖြစ်သည်။ ဒါဆိုသူကရော သူကတော့ဦးလွန်းအာဏာရဲ့တရားမဝင်မိန်းမကမွေးလာသည့်ကလေးဖြစ်ကာ မိခင်ဖြစ်သူကအိမ်တော်ရဲ့အိမ်အကူဖြစ်တာကြောင့်မျက်နှာသာပေးခြင်းမခံရသည့်အပြင်နှိပ်စက်ခြင်းပါခံရလေသည်။

တစ်နေ့လွန်းရောင်ခြည်ရဲ့ပန်းချီဆရာမလေးအား လွန်းအတ္တမတရားကြံသည်ကိုလွန်းကဗျာရိပ်ကဝင်ကယ်ပေးမိတာကြောင့် လွန်းအတ္တရဲ့ရန်ငြိုးထားခြင်းကိုခံရတော့သည်။ လွန်းအတ္တကပန်းချီဆရာမလေးရောလွန်းကဗျာရိပ်ကိုပါဖမ်းဆီးပြီး သူ့သူငယ်ချင်းတွေနဲ့အတူပျော်ပါးလိုက်ကြသည်။ လွန်းကဗျာရိပ်ကိုတော့လွန်းအတ္တကမထိပေမဲ့ လှရက်လွန်းတဲ့သူ့ပုံစံကြောင့်အတ္တရဲ့သူငယ်ချင်းတစ်ယောက်ကအလွတ်မပေးခဲ့ပေ။ နောက်တစ်နေ့တွင်တော့လွန်းကဗျာရိပ်ကိုအိမ်ပြန်ပို့ပေးကာခြိမ်းခြောက်ခဲ့သည်။ သို့ပေမဲ့ပန်းချီဆရာမလေးကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားသည်ကြောင့်ကိစ္စတွေကရှုပ်ထွေးသွားခဲ့သည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now