Arc 6.2 ~Hnaing~

1.7K 139 23
                                    

Unicode

ဘုန်းမင်းလျှံ ကုမ္ပဏီကိုသွားတာနဲ့ စေတုနှိုင်း ကလေးကိုပါခေါ်ကာ Shoppingထွက်လေတော့သည်။ ဟူဒီအပြာနုလေးကိုဘုန်းမင်းသျှန်နှင့်ဆင်တူလေးဝတ်ကာဘောင်းဘီအဖြူဒူးလောက်လေးဝတ်လိုက်ပြီး ကလေးကိုတော့အရှည်လေးဝတ်ပေးထားသည်။ Mallထဲမှာ ကလေးအတွက်နဲ့သူ့အတွက်အဝတ်အစားတစ်ချို့ဝယ်ကာ နာရီအသစ်လဲချင်တာကြောင့်နာရီဆိုင်ထဲဝင်ကြည့်နေချိန် အနားရောက်လာတဲ့မိန်းကလေးကြောင့်လှည့်ကြည့်လိုက်တော့ယမှုံနှင်းဖြစ်နေလေသည်။

"စေတုနှိုင်းပဲ နာရီလာဝယ်တာလား"

"မဟုတ်ဘူး မိတ်ကပ်လာလိမ်းတာ"

"နှောက်တတ်တယ်နော်"

"မနှောက်တတ်ပါဘူး ငါကရွဲ့တတ်တာ"

"ထားပါ ယမှုံကကိုနဲ့ဆင်တူဝတ်ဖို့နာရီလာ​ယူတာလေ"

"မေးမိလို့လား ကိုယ်တွေခေါင်းတွေလဲစိတ်မဝင်စားဘူး အာရုံလာမနှောက်နဲ့"

နှိုင်းပြောလိုက်တော့ ယမှုံနှင်းကမျက်နှာပျက်သွားပေမဲ့အမြန်ပြန်ထိန်းလိုက်သည်။ စေတုနှိုင်းကိုလာကြောချင်လို့ဘယ်ရမလဲ အရင်စေတုနှိုင်းကိုတော့ရချင်ရလိမ့်မယ် အခုသူကရှောင်ကျန့်လေ သည်းမခံသင့်တဲ့အရာကိုသည်းမခံနိုင်ဘူး။

နှိုင်းကြိုက်တဲ့နာရီကဆင်တူနာရီဒီဇိုင်းလေးဖြစ်နေပေမဲ့ သူဝတ်ချင်တာကြောင့်အစုံလိုက်ဝယ်လိုက်ရသည်။ ဒါကိုမြင်တဲ့ယမှုံနှင်းကစေတုနှိုင်းကိုရန်လာစပြန်သည်။

"ဆင်တူနာရီဝယ်လိုက်တာလား နှမြောစရာပဲနော် ကိုကယမှုံနဲ့ဆင်တူဝတ်မှာလေ ခုတောင်အစည်းဝေးရှိလို့မှာထားတဲ့နာရီကိုယမှုံပဲလာယူရတာ"

"ရှက်တတ်လား"

"ဘာရှင့်!"

"ဪ မယားကြီးရှေ့မှာသူ့ယောကျာ်းနဲ့ဘယ်လိုပါဘာပါနဲ့လာပြောနေတော့အရှက်မရှိတဲ့သူပဲဖြစ်မှာပါလေ"

"ရှင်!"

"ဪ တစ်ခါတည်းပြောရအုံးမယ် မင်းရဲ့ကိုဆိုတဲ့လူကိုပြောလိုက် အိမ်ထမင်းအိမ်ဟင်းမစားချင်ရင်တောင်အပြင်စာကိုသန့်မသန့်စစ်ပြီးမှစားလို့ အချိန်ရရင်လဲမနေ့ကငါကွာရှင်းဖို့ပြောထားတဲ့ကိစ္စလဲအတည်ပြုပေးအုံးလို့လေ"

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now