Real Life 2

1.7K 128 11
                                    

Unicode

ရှောင်ကျန့်နိုးလာတော့ ညစာစားချိန်ပင်ရောက်လို့နေပြီ။ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသွားဖို့ကုတင်ပေါ်ကဆင်းလိုက်ချိန် ရိပေါ်ကအခန်းထဲဝင်လာကာ သူ့ကိုပွေ့ချီလိုက်သည်။

"မင်းအားနည်းနေသေးတယ်လေ အချစ် ကိုယ်လာခေါ်တာကိုစောင့်မှပေါ့"

"ငါအဲလောက်လည်းအားမနည်းပါဘူး နုနုရွရွလေးလုပ်နေဖို့မှမလိုဘဲ"

"ကိုယ့်အတွက်တော့လိုတယ် ဘာလို့လဲသိလား"

"ပြောကြည့်လေ"

"ကိုယ့်အတွက်တော့မင်းကကြွေရုပ်ကလေးဖြစ်နေလို့ပဲ"

"ပိုလွန်းတယ်"

"ကိုယ်တကယ်ပြောတာ မင်းကတကယ်လှတာ တစိမ့်စိမ့်ငေးကြည့်နေချင်လောက်အောင်ကိုလှတာအချစ်ရဲ့"

"တော်ပြီတော်ပြီ ငါဗိုက်ဆာပြီ ကဗျာတွေစာတွေနောက်မှဖွဲ့"

ညစာကိုလဲရှောင်ကျန့်အကြိုက်တွေချည်းပြင်ဆင်ပေးထားကာ သူကိုယ်တိုင်ခူးခပ်ကျွေးသည်ကြောင့် အိမ်စေများပင်အံ့ဩနေပြီး သူတို့ကိုစပ်စုနေကြသည်။ ညစာစားပြီးတော့ဧည့်ခန်းထဲထိုင်နေကြချိန်မှာ ရိပေါ်ကအိမ်စေအားလုံးကိုခေါ်လိုက်သည်။

"သူ့နာမည်ကရှောင်ကျန့် ငါနဲ့လက်ထက်မယ့်သူ ဒီအိမ်မှာငါ့ထက်ပိုပြီးသူကအရေးပါတယ် သဘောပေါက်တယ်မဟုတ်လား"

"ဟုတ်ကဲ့"

ရိပေါ်နဲ့အဆင်ပြေနေပြီဆိုပေမဲ့ ရှောင်ကျန့်မှာလုပ်စရာတွေရှိနေသေးသည်။ လုပိုင်ရွယ်နဲ့ရှင်းစရာတစ်ချို့ကျန်ရှိနေသေးသည်။ ရှောင်ကျန့်ရိပေါ်ကိုလည်းမေးစရာတွေရှိနေသေးသည်။

"ရိပေါ် မင်းအဲဒီနေ့ကပြောခဲ့တာ ငါဒုက္ခရောက်လိမ့်မယ်ဆိုတာဘာကိုပြောချင်တာလဲ"

"မင်းကရိုးတယ်ရှောင်ကျန့် ဒါပေမဲ့မင်းသူငယ်ချင်းကတော့မတူဘူး"

"ပိုင်ရွယ်"

"အင်း"

ဒါဆိုအဲဒီနေ့ကပိုင်ရွယ်ကရိပေါ်ကိုမဟုတ်ဘဲ ရှောင်ကျန့်ကိုထိခိုက်အောင်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်လိမ့်မည်။ စတွေ့စကတည်းကရှောင်ကျန့်ကအမြဲကူညီပေးခဲ့ပေမဲ့ သူကတော့အမြဲပြဿနာတွေသယ်လာတတ်သည်။ ရှောင်ကျန့်ကသူ့ကိုရိုးအလို့ဟုသာတွေးထင်ခဲ့တာကြောင့်သတိမထားမိခဲ့ခြင်းဖြစ်သည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now