Arc 2.2 ~Zhao Yuan~

2.4K 167 15
                                    

Unicode

ယွမ်ယွမ်အလုပ်ဆင်းချိန်ရောက်တော့ အလုပ်ဆင်းရန်ပြင်လိုက်ပေမဲ့ Leoကအလုပ်ရှိသေးတယ်ဆိုကာမပြန်ခိုင်းသည်ကြောင့် Leoအခန်းထဲမှာသောင်တင်နေတာ၂နာရီရှိလေပြီ။ လူကလဲအိပ်ငိုက်လာသလို ဗိုက်လဲဆာလာလေပြီ။

"ဒီမှာ ဘာမဟုတ်တဲ့fileတွေလည်းစီခိုင်းသေးတယ်ဘာမှလဲအဆာပြေဝယ်မကျွေးဘူး အချိန်လဲကြည့်အုံးဒါလူအစာစားချိန်ရောက်နေပြီဗျ"

"မင်းစားချင်တာမှာပြီးစားပေါ့ ငါကမစားနဲ့ပြောလို့လား"

"ခင်ဗျားကအလုပ်ပဲဆက်တိုင်ခိုင်းနေမှတော့မှာအချိန်ရနေပါအုံးမယ်"

"အခုရပြီမလားမှာလိုက် စကားမများဘဲထိုင်နေတော့"

ယွမ်ယွမ် ပီဇာ၂ချပ်နဲ့ဘာကာတစ်လုံးမှာလိုက်ပြီးMilk teaတစ်ခွက်ကော်ဖီတစ်ခွက်ပါပိုမှာလိုက်သည်။ သိပ်အကြာကြီးမစောင့်လိုက်ရပါ မှာထားတာတွေလာပို့သွားသည်။ ယွမ်ယွမ်ဘာကာနဲ့ကော်ဖီခွက်ကိုLeoစားပွဲပေါ်သွားတင်ပေးလိုက်ပြီး ဘာကာထဲက ဆလပ်ရွက်ကိုယူစားလိုက်တော့Leoကသူ့ကိုကြည့်လာသည်။

"ခင်ဗျားမစားတော့နှမြောလို့"

"ငါဆလပ်ရွက်မစားတာဘယ်လိုသိတာလဲ"

"ကျွန်တော်ကတော်လို့လေ"

[Hostကျွန်တော်ပြောပြတာလေ]

*တိတ်စမ်း ပီဇာမစားချင်ရင်ဆက်ပြော*

[ပီဇာis the bestပါHost]

*အငတ်*

ယွမ်ယွမ် ပီဇာနဲ့Milk teaကိုအားရပါးရစားသောက်ပြီးနောက် Leoရုံးခန်းထဲကဆိုဖာပေါ်မှာအိပ်ပျော်သွားတော့သည်။ Leoအလုပ်တွေပြီးတော့Fileတွေစီခိုင်းဖို့သူ့အတွင်းရေးမှူးကိုကြည့်လိုက်တော့ ဆိုဖာပေါ်တွင်အိမ်မက်ကမ္ဘာထဲလက်ပစ်ကူးနေလေသည်။ နစ်နစ်ခြိုက်ခြိုက်အိပ်နေပုံကြောင့်မနိုးတော့ဘဲ ကျန်တဲ့အလုပ်တွေကိုလည်းသူပဲလက်စသတ်လိုက်ပြီး အိပ်ပျော်နေတဲ့ကျောက်ယွမ်အနားသွားကာ စားသောက်ပြီးဖွထားသည့်အမှိုက်တွေကိုပါရှင်းလိုက်ရသည်။

"အိပ်ပုတ်လေးပဲ မင်းက"

ကျောက်ယွမ်ရဲ့နှာတံချွန်ချွန်လေးကိုထိကာ ခပ်တိုးတိုးရေရွတ်နေမိသည်။ အလုပ်စဝင်ကတည်းOTဆင်းခိုင်းသည့်နေ့တိုင်းအိပ်ပျော်သွားတတ်သည်ကိုLeoသတိထားမိသည်။ အခုလည်းသူရှိနေတာတောင်အိပ်ပျော်နေသည်မှာဆင်နင်းလို့တောင်နိုးမည့်ပုံမပေါ်ပေ။ နာရီကြည့်လိုက်တော့၇နာရီကိုညွှန်ပြနေသည်ကြောင့်မနိုးလို့မဖြစ်တော့ချေ။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Donde viven las historias. Descúbrelo ahora