Real Life 4 (or) Final

2K 124 13
                                    

Unicode

Dahliasပန်းတို့နှင့်တန်ဆာဆင်ထားသည့် အခမ်းအနားက Weddingတစ်ခုဖြစ်ကာ အဖြူရောင်အပြင်အဆင်များကြား Dahliasပန်းများကလှပစွာနေရာယူထားသည်က ပွဲရဲ့အပြင်အဆင်ကိုပို၍အလှတိုးစေသည်။ စင်မြင့်ထက်တွင်နေရာယူကာ အဖြူရောင်ဝတ်စုံဖြင့်ရပ်နေသည့်အမျိုးသား၏မျက်နှာထက်တွင် မြင်ရခဲသည့်အပြုံးတစ်ခုကနေရာယူထားကာ ဝင်ပေါက်ဝမှလျှောက်လှမ်းလာသော အဖြူရောင်ဝတ်စုံနှင့်အမျိုးသားလေးထံသို့ ချစ်ရည်လွှမ်းခြုံထားသည့်မျက်ဝန်းတို့ဖြင့်စိုက်ကြည့်လို့နေလေသည်။

ရှောင်ကျန့်ခေါင်းဆောင်ရဲ့လက်မောင်းကိုချိတ်ကာ ရိပေါ်ထံတစ်လှမ်းချင်းလျှောက်လှမ်းလာရင်း နူးညံ့စွာပြုံးနေမိသည်။ အတွေးများကလဲ လွန်ခဲ့သောတစ်လဆီသို့ကူးလူးလို့သွားသည်။

ရိပေါ်ကတစ်ပတ်အကြာမှာဆေးရုံကဆင်းခွင့်ရပြီး အမှုကိစ္စကိုရင်ဆိုင်ခဲ့သည်။ ဟဲ့ရန်ရဲ့ထွက်ဆိုချက်များကလဲများစွာအထောက်ကူပေးခဲ့ပြီး အဲဒီနေ့ကအဖြစ်အပျက်များကိုလဲသက်သေနှင့်တကွ ရှင်းလင်းနိုင်ခဲ့တာကြောင့်အမှုနိုင်ခဲ့လေသည်။ ရိပေါ်ကတော့ငွေမဲလုပ်ငန်းတွေကိုသူတပည့်တွေထံခွဲဝေပေးလိုက်ပြီးဦးစီးစေကာ သူကတော့ကုမ္ပဏီလုပ်ငန်းကိုသာချဲ့ထွင်ဖို့ဆုံးဖြတ်ခဲ့သည်။ ဟဲ့ရန်ကိုတော့ညီအဖြစ်မွေးစားလိုက်ပြီး နိုင်ငံခြားကရုံးခွဲကိုစီမံပေးရန်စေလွှတ်ခဲ့သည်။

ရှောင်ကျန့်ကလဲရာထူးမှနှုတ်ထွက်ကာ ရိပေါ်ဦးစီးမှုနောက်ကိုပဲ လိုက်ခဲ့သည်။ ခေါင်းဆောင်ကိုတော့ဖခင်နေရာထားကာ သူတို့နှင့်အတူနေဖို့တောင်းဆိုခဲ့တာကြောင့် အခုဆိုခေါင်းဆောင်က ပါးအဖြစ်တည်ရှိပေးကာ ဟဲ့ရန်ကညီလေးအဖြစ်နှင့်မိသားစုလေးယောက်ဖြစ်လို့သွားသည်။ ဟဲ့ရန်ရဲ့ပိုင်ဆိုင်မှုတွေကိုတော့ ဂေဟာလေးအဖြစ်လှူဒါန်းလိုက်ကြသည်။ လက်ဖမိုးထက်မှညင်သာတဲ့အထိအတွေ့ကြောင့် ရှောင်ကျန့်အတွေးတို့လက်ရှိကိုပြန်ရောက်လို့လာသည်။

"Dahliaက ထာဝရချစ်ခြင်းမေတ္တာတရားနဲ့ကတိကဝတ်တွေကိုကိုယ်စားပြုတယ် ဒါကြောင့်Dahliaပန်းလေးတွေနဲ့အတူမင်းအပေါ်ကိုယ်သစ္စာဆိုပါတယ် ကိုယ်ရဲ့ဖြစ်တည်မှုကမြူမှုန်လောက်ပဲတည်ရှိနေတော့ရင်တောင်မင်းကိုပဲချစ်ပါ့မယ် မပြောင်းလဲတဲ့ချစ်ခြင်းမေတ္တာနဲ့အတူ တစ်သက်လုံးမင်းလက်ကိုပဲတွဲပါ့မယ် ကိုယ့်ဘဝမှာမင်းကလွှဲလို့တစ်ခြားသူဆိုတာရှိမလာနိုင်တော့သည်အထိကိုယ့်ရဲ့အရာရာကိုမင်းအပေါ်ပုံအပ်ပါတယ်အချစ်"

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now