Arc 1.4 ~Loon Kabya~

2.5K 169 6
                                    

Unicode

နောက်တစ်နေ့မနက် ကဗျာရိပ်နိုးတော့မင်းဥက္ကာမောင်ကအခန်းထဲတွင်ရှိမနေပေ။ ရေချိုးသန့်စင်ပြီးအောက်ထပ်ကိုဆင်းလာတော့ မီးဖိုချောင်မှာကိုယ်တိုင်ချက်ပြုတ်နေတဲ့မင်းဥက္ကာမောင်ကြောင့် ထမင်းစားခန်းထဲဝင်မည့်ကဗျာရိပ်ရဲ့ခြေလှမ်းတွေခဏတာရပ်တန့်သွားကာဝိုင်းစက်စက်မျက်ဝန်းကလေးများပင်ပို၍ပြူးလို့နေသည်။

"ရောက်နေပြီဆိုလဲဝင်ခဲ့လေ မနက်စာစားချိန်နောက်ကျမယ်"

"ဘာလို့ကိုယ်တိုင်ဝင်ချက်နေတာလဲ"

"အန်တီမြင့်ရွာပြန်သွားလို့"

"ဪ"

ကဗျာရိပ်သူ့ရှေ့ကိုလာချပေးတဲ့ စပိန်ထမင်းကြော်နဲ့ကော်ဖီပူပူတစ်ခွက်ကိုကြည့်လိုက်တော့ တကယ့်စားဖိုမှူးတစ်ယောက်ချက်ပြုတ်ပြင်ဆင်ထားသည့်ပုံစံပင်။ မြည်းစမ်းကြည့်တော့လဲ အရသာတော်တော်လေးကောင်းတာကြောင့် မင်းဥက္ကာမောင့်အားပြုံးပြကာလက်မနှစ်ဖက်ထောင်ပြမိတော့ သူ့ခေါင်းကိုဖွဖွလေးပုတ်ခြင်းခံလိုက်ရသည်။

"ကြိုက်ရင်ကုန်အောင်စားလိုက် ပြီးရင်လွန်းအတ္တဆီသွားကြမယ်"

"ဘာလို့လဲ"

"ကိုယ်တို့သူနဲ့စာရင်းရှင်းစရာရှိတယ်လေ"

"အွန်း"

မနက်စာစားပြီးတော့မင်းဥက္ကာမောင်နှင့်သူနှစ်ယောက်တည်းထွက်လာခဲ့တာကြောင့် ကျန်တဲ့သူတွေကမလိုက်ဘူးလားမေးချင်သော်လည်းအိမ်မှာတစ်ယောက်မှမတွေ့တာကြောင့်သူတို့ကိုတာဝန်ပေးထားတယ်လို့ယူဆလိုက်သည်။ ကားရပ်သွားတော့မြို့ပြင်နားကသားနားတဲ့အိမ်ကြီးတစ်အိမ်ကိုရောက်နေတာတွေ့လိုက်ရသည်။ ကိုယ့်အတွေးနှင့်ကိုယ်ဖြစ်နေသည်ကြောင့်ခြံထဲကားဝင်သွားမှသတိပြန်ကပ်ရသည်။

"အထဲမှာမင်းအစ်ကိုရှိတယ်"

"အင်း"

အိမ်နောက်ဖေးအထိလျှောက်လာတော့ ဂိုထောင်တစ်ခုကိုတွေ့လိုက်ရသည်။ မင်းဥက္ကာမောင်ကရှေ့ကဝင်သွားသည်ကြောင့်သူလည်းအနောက်ကနေလိုက်ဝင်လာခဲ့လိုက်သည်။ အထဲကိုရောက်တော့ လက်တစ်ဖက်ပတ်တီးစည်းထားရသည့်လွန်းအတ္တကိုတွေ့လိုက်ရသည်။ ကြိုးတုတ်ထားခြင်းမရှိသည်ကိုအနည်းငယ်တော့အံ့ဩသွားရသည်။ လွန်းအတ္တကသူ့ကိုမြင်တော့ဝမ်းသာသွားဟန်ရှိကာသူ့အနားရောက်လာပြီးသူ့လက်ကိုလာဆွဲသည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Tahanan ng mga kuwento. Tumuklas ngayon