Arc 4.5 ~Mingzé~

1.7K 134 25
                                    

Unicode

အချိန်တစ်လကြာမြင့်သွားပေမဲ့ ဟဲ့ကျွင်းကပြန်ရောက်မလာသေးပေ။ ကျူးကျော်သူတွေက တစ်ဖက်နိုင်ငံရဲ့အိမ်​ရှေ့စံပါနေသည်​ကြောင့်စစ်ပွဲကိုသာဦးတည်သွားလေသည်။ နန်းတော်မှာတော့ ယာယီအုပ်ချုပ်ခွင့်အရ မင်ဇီကယွီရှင်းနှင့်အတူစီမံခန့်ခွဲပေးနေသည်။ မင်စီဘက်တော်သားအမတ်တွေကတော့ဟဲ့ကျွင်းမသွားခင်ကတည်းကရာထူးဖြုတ်ကာထောင်နန်းစံနေကြသည်ဖြစ်တာကြောင့် ကျန်ရှိတဲ့အမတ်တွေကအစစ်အမှန်များသာဖြစ်သည်။ မင်စီဟာလည်းနလန်ထူခါစဖြစ်၍ သူ့ကိုရန်မရှာဘဲငြိမ်နေလေသည်။

"ကြင်ယာတော်လေး စစ်သူကြီးထိခိုက်ဒဏ်ရာရာတယ်လို့စာရောက်လာပါတယ်"

"ဖေဖေလား အခုပဲစစ်မြေပြင်သွားဖို့ပြင်ကြ"

"မသင့်တော်ကြောင်းပါကြင်ယာတော်လေး"

"ဘာကမသင့်တော်တာပါလဲ"

"ကြင်ယာတော်ကကောတစ်ဦးဖြစ်တာကြောင့် ဓားလှံလက်နက်တွေနဲ့ထိခိုက်မှုများတဲ့နေရာမသွားစေလိုကြောင်းပါ"

"ကောတွေကမတိုက်ခိုက်နိုင်ဘူးလို့ဘယ်သူပြောသလဲ အန္တရာယ်ကြုံရင်အမျိုးသမီးတောင်လက်နက်စွဲကိုင်ရသလို ကိုယ်ချစ်တဲ့သူကိုယ်မြတ်နိုးတဲ့နယ်မြေအတွက်ကောတွေဟာလဲ လက်နက်ကိုင်ပြီးတိုက်ပွဲဝင်ရဲတယ် စစ်သူကြီးပိုင်မင်ချန်းရဲ့သားကလက်နက်တွေကိုမကြောက်ဘူး ကောတစ်ဦးဖြစ်နေရင်တောင် ကြင်ယာတော်ဖြစ်နေရင်တောင် စစ်မြေပြင်ကိုသွားဖို့နောက်မဆုတ်ဘူး သွားဖို့ပြင်ကြပါ"

"အမိန့်အတိုင်းပါကြင်ယာတော်"

အချိန်စွဲမနေတော့ဘဲ မင်ဇီချက်ချင်းပင်ထွက်ခွာလာခဲ့သည်။ ယာယီအုပ်ချုပ်ခွင့်ကိုယွီရှင်းဆီလွှဲပြောင်းပေးခဲ့သည်။ လိုက်မယ်တကဲကဲလုပ်နေသည့်ရှောင်ရိကိုလဲအတင်းချန်ထားခဲ့ရသည်။ အခုချိန်မှာသူ့ထက်ယွီရှင်းကပိုပြီးရှောင်ရိကိုလိုအပ်နေလိမ့်မည်။

သူရောက်တာနဲ့စစ်သူကြီးကိုအရင်သွားတွေ့လိုက်သည်။ စစ်သူကြီးကသူ့ကိုမြင်တော့ 'အရှင့်အတွက်စိတ်ချပြီဖြစ်လို့နန်းတော်ကိုပြန်ကာဆေးကုသမှုခံယူချေမယ်'ဆိုကာ သူနှင့်အတူတပ်သား၅ယောက်ကိုခေါ်ကာပြန်သွားသည်။ အခြားသူများကတော့အံ့ဩနေသူရှိသလို စစ်သူကြီးဖြစ်ပါလျက်စစ်မြေပြင်မှာဘုရင်ကိုထားခဲ့ကာကျောခိုင်းပြေးသည်ဟုစွပ်စွဲကြသည်။ စစ်သူကြီးကတော့ဂရုမစိုက်ပေ။ ဘာကြောင့်ဆိုလဲပိုင်မင်ဇီဆိုတာစစ်သူကြီးဖြစ်တဲ့သူ့ထက်ပင်ဓားရေးကျွမ်းကျင်ကာသူ့ကိုတောင်အချိန်အနည်းငယ်အတွင်းအောင်နိုင်သူဖြစ်သည်။ ဧကရာဇ်နှင့်ပင်လက်ရည်ယှဥ်လို့ရသည်ဖြစ်တာကြောင့်စိတ်ချလက်ချသူနဲ့ထားခဲ့ခြင်းဖြစ်သည်။ မင်ဇီရဲ့အတိုက်အခိုက်စွမ်းရည်အကြောင်းသိသူကသူတို့အိမ်တော်နဲ့ဧကရာဇ်သာရှိသည်ဖြစ်၍ အခြားသူများကကြင်ယာတော်ကိုစစ်မြေပြင်အတွက်အပိုဟုသာထင်မြင်ကြလိမ့်မည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now