Arc 6.3 ~Hnaing~

1.7K 144 18
                                    

Unicode

နောက်တစ်နေ့မနက်မှာတော့ နှိုင်း ဘုန်းမင်းလျှံနဲ့အကြည့်ခြင်းမစုံမိအောင်ရှောင်သလို စကားပြောလာလျှင်လဲမသိချင်ယောင်ဆောင်နေလိုက်သည်။ ညနေအလုပ်ကပြန်လာချိန်ရောက်တော့လဲ ညစာအဆင်သင့်ပြင်ပေးထားပြီး ကလေးနှင့်အတူဧည့်ခန်းမှာထိုင်ဆော့နေလိုက်သည်။ ဘုန်းမင်းလျှံဧည့်ခန်းထဲကိုရောက်လာမှ ကလေးကိုထားခဲ့ပြီးညစာသွားစားရသည်။ သူညစာစားပြီးပြန်လာတော့ ကလေးကိုရင်ဘက်ပေါ်တင်ကာဆော့ပေးနေတဲ့ဘုန်းမင်းလျှံကိုကြည့်ပြီး အကြံတစ်ခုရသွားလေသည်။

"သားရဲ့အိပ်ချိန်ရောက်နေပြီ ပေးတော့"

"ကိုယ်နဲ့ဒီတစ်ညသိပ်လိုက်မယ် မင်းအိပ်ချေလေ"

"သားကိုခင်ဗျားအပေါ်သံယောဇဥ်ကြီးအောင်မလုပ်လို့ရမလား ကျွန်တော်တို့သားအဖက တစ်ချိန်ကြထွက်သွားရမှာ ဒါကြောင့်ခင်ဗျားအပေါ်ဘာသံယောဇဥ်မှမထားချင်ဘူး"

"နှိုင်း ကိုယ့်ကိုစိတ်ဆိုးနေလား"

"မဆိုးပါဘူး ဆိုးတော့ရောဘာကပြောင်းလဲသွားမှာလဲ အစကတည်းကခင်ဗျားနဲ့အချိန်တစ်ခုထိပဲလက်ထက်ဖို့သဘောတူထားတာ"

"မဟုတ်သေးဘူးလေ ကိုယ်တို့သားက ကျစ်!"

"ခင်ဗျားယမှုံနှင်းကိုချစ်တာကျွန်တော်သိတယ် သူမကလဲစကားတွေနဲ့မကြာခဏထိုးနက်လေ့ရှိတယ် ခင်ဗျားကိုရင်ဖွင့်ချင်ပေမဲ့ ခင်ဗျားကလဲသူ့ဘက်ကရပ်တည်ပေးမယ့်သူပဲ ဒီတော့ကျွန်တော်တို့ဒီဆက်ဆံရေးကိုအမြန်ဆုံးအဆုံးသတ်သင့်ပြီ"

"မဟုတ်သေးပါဘူး ယမှုံပြောတော့မင်းကသူ့ကိုတွေ့တိုင်းအရှက်ရအောင်လုပ်တယ်ဆို"

သားကိုရင်ဘက်ပေါ်တင်ထားရာမှထလိုက်ပြီး ဆိုဖာတွင်ထိုင်ကာ သားကိုတော့သူ့ပေါင်ပေါ်တွင်သာထိုင်စေသည်။

"ကျွန်တော်ကလုပ်တာလား သူကလုပ်တာလားဆိုတာခင်ဗျားသေချာစုံစမ်းသင့်တယ် ကျွန်တော်ကကျွန်တော့်ကိုလာထိမှပြန်တုံ့ပြန်တတ်တာခင်ဗျားအသိဆုံးဖြစ်မယ်ထင်ထားတာ"

နှိုင်းသူ့ပေါင်ပေါ်ထိုင်နေတဲ့သားကိုချီဖို့လက်လှမ်းလိုက်တော့ သူကရှောင်သည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now