Systemနှင့်တွေ့ဆုံခြင်း

6.6K 239 24
                                    

Unicode

ရဲအရာရှိတစ်ဦးက Mafiaခေါင်းဆောင်ကိုချစ်မိသွားတဲ့အခါအဆုံးသတ်ကသေခြင်းတရားလား?

သူ့နာမည်ကရှောင်းကျန့် အသက်30 ရဲအရာရှိတစ်ဦးဖြစ်ပြီး missionတိုင်းကိုကျရှုံးခြင်းမရှိအောင်မြင်ဖူးတဲ့သူတစ်ယောက်။ ဒါပေမဲ့သူ့ဘဝရဲ့အကြီးမားဆုံးmissionမှာတော့သူကျရှုံးခဲ့တယ်။ နှလုံးသားရောဦးနှောက်ရောကဆုံးဖြတ်ချက်တူညီသွားခဲ့အခါ အကောင်းဖြစ်နိုင်သလို အဆိုးဆုံးလည်းဖြစ်သွားနိုင်တယ်။

'ဒိုင်း!!!'

နှလုံးသားဆီကဆူးနင့်မှုနှင့်အတူ ရှောင်ကျန့်ရဲ့ကမ္ဘာဟာအမှောင်ကျသွားလေခဲ့သည်။ သူ့အနားကိုတစ်စုံတစ်ယောက်ပြေးလာသံကိုကြားနေရပေမဲ့သူ့မျက်လုံးတွေပွင့်မလာတော့ဘဲအသိစိတ်ကကင်းမဲ့သွားခဲ့လေပြီ။ အစရှိရင်အဆုံးရှိပြီး အဆုံးသတ်တိုင်းကပျော်ရွှင်ဖွယ်ရာကောင်းတယ်တဲ့ ဒါဆိုသူ့ရဲ့ဘဝကရောဒီလိုပဲအဆုံးသတ်တော့မှာလား။

[ဟယ်လို တက်စတင်း ဝမ်း တူး သရီး]

*......*

[Hostကျွန်တော်ပြောတာကြားရလား]

*မင်းကဘာလေးလဲ ပူးလေးလား*

[ဟုတ်ပါတယ်Host ကျွန်တော်ကHostနဲ့အတူလက်တွဲလုပ်ဆောင်ရမယ့် systemပါ]

*systemကဘာကြီးလဲ*

[systemဆိုတာက အချိန်မတိုင်ခင်သေဆုံးသွားတဲ့သူတွေနဲ့မပြီးမြောက်သေးတဲ့ဆန္ဒတွေရှိနေတဲ့ဝိညာဥ်တွေကိုအခွင့်အရေးထပ်ပေးတဲ့နေရာပါ]

*ဪ ဒါဆိုငါကအခုဘာလုပ်ရမှာလဲ*

[Hostက systemကဖန်တီးပေးထားတဲ့ကမ္ဘာတွေကိုသွားပြီး missionတွေကိုလုပ်ဆောင်ရမှာပါ ဝိညာဥ်စွမ်းအား100%နဲ့ points10000ပြည့်တဲ့အထိစုဆောင်းရပါလိမ့်မယ်]

*ငါအောင်မြင်ခဲ့ရင်ရော?*

[Hostအောင်မြင်ခဲ့ရင်Hostရဲ့မူလကမ္ဘာကိုပြန်သွားနိုင်မှာပါ ကျရှုံးခဲ့ရင်တော့ Hostအတွက်သူ့အသက်ကိုလောင်းကြေးထပ်ထားတဲ့သူကပါHostနဲ့အတူလိုက်ပြီးသေဆုံးရမှာပါ]

*ငါ့အတွက်အသက်ကိုတောင်လောင်းကြေးထပ်ရဲတယ် ဘယ်သူကလဲ?*

[ပြောခွင့်မရှိပါဘူးHost]

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now