Arc 3.4 ~ChaeSoo~

2K 150 8
                                    

Unicode

ဒီနေ့ရှူတင်မရှိတာကြောင့် အပြင်မှာDateဖို့မနက်စောစောထပြီးပြင်ဆင်နေကြသည်။ ချယ်ဆွန်းအစီစဥ်အရ မနက်အစောပန်းချီပြခန်းကိုအရင်သွားမှာဖြစ်တာကြောင့် ပန်းချီပြခန်းကိုဖွင့်ဖွင့်ချင်းကတည်းကအမှီရောက်အောင်သွားကြသည်။ ချယ်ဆွန်းကကလေးဆန်ဆန် ဟူဒီအပွပန်းနုရောင်လေးကိုဘောင်းဘီအဖြူလေးနှင့်ဝတ်ထားပြီး ဆိုယွန်းကတော့ ရှပ်အင်္ကျီအဖြူအပေါ်က Long coatအနက်ကိုထပ်ဝတ်ထားပြီးဘောင်းဘီအနက်ဝတ်ကာ maskတတ်ထားလေသည်။ လူတစ်ချို့ကဆိုယွန်းကိုမှတ်မိနေကြပေမဲ့ ပန်းချီပြခန်းတွင်တွေ့တာဖြစ်၍ သာမန်သာယူဆကာ ဘာထင်မြင်ချက်မှထွက်မလာပေ။ နေ့လည်စာစားချိန်မှပြန်ထွက်လာကြပြီး စားသောက်ဆိုင်တစ်ခုတွင်VIP roomယူကာစားတာကြောင့်ဒီအထိအေးချမ်းစွာပဲဖြတ်သန်းနေရသည်။ ပြဿနာက ကစားကွင်းသွားချိန်မှာစသည်။

"မရဘူးလိုက်စီးရမှာပဲ ဘေဘီကိုချစ်ရင်ဘေဘီစီးသမျှကိုကိုလိုက်စီးရမှာပဲ"

ဆိုသည့်ချယ်ဆွန်းစကားကြောင့် ချယ်ဆွန်းဆော့သမျှဆိုယွန်းပါလိုက်ဆော့နေရသည်ကြောင့် မောပန်းလာ၍ maskကိုချွတ်လိုက်တာကြောင့် ဘေးကလူတွေကမသိမသာရောသိသိသာသာပါသူတို့ကိုအကဲခတ်နေကြသည်။ ထိုစဥ် ဆိုယွန်းလုပ်လိုက်သည့်လုပ်ရပ်ကြောင့်ဘေးကလူအုပ်ကြီးထံမှ အာမေဋိတ်သံတစ်ချို့ထွက်ကြလာသည်။

"ကိုကို"

"ဘေဘီဖိနပ်ကြိုးချည်နေတယ်ခြေထောက်ညိမ်ညိမ်လေ"

မတ်တပ်ရပ်နေတဲ့ချယ်ဆွန်းရှေ့မှာ ဒူးတစ်ဖက်ထောက်ကာထိုင်လိုက်ပြီးဖိနပ်ကြိုးချည်ပေးနေတဲ့ဆိုယွန်းကဘေးဘီကလူတွေကိုဂရုစိုက်ပုံမပေါ်ပေ။ တစ်ချို့ကဓာတ်ပုံရိုက်နေကြသော်လည်းဆိုယွန်းကမတားမြစ်သလို ထွက်သွားခြင်းလဲမပြု လျစ်လျူရှူတာမျိုးမဟုတ်ပေမဲ့ သူ့ပုံစံ​ကဘာကိုမှဂရုမစိုက်နေသလိုသူဂရုစိုက်ရမှာချယ်ဆွန်းပဲရှိနေသလိုပြုမူနေတာဖြစ်သည်။

"ကိုကို ငါဗိုက်ဆာပြီ"

"အင်း ညစာစားပြီးအိမ်ပြန်ကြတာပေါ့"

သူတို့အိမ်ပြန်ရောက်ချိန်မှာတော့ လိုင်းပေါ်မှာဂယက်ထနေလေတော့သည်။ ကစားကွင်းကပုံတွေထွက်လာချိန်ပန်းချီပြခန်းမှာတွေ့ခဲ့တဲ့သူတွေကလဲပုံတွေတင်လိုက်တာကြောင့် သူတို့Dateနေသည်ဟုသတင်းထွက်နေကာ ဂယက်ထနေတော့သည်။

Systemကအချစ်ဆီခေါ်လာပေးတယ် (Systemကအချစ်ဆီခေါ်လာပေးတယ် )Where stories live. Discover now