Ch-47

362 23 2
                                    

Unicode
...
Hidden god shen yin
The last immortal - ၄၇
...

ဟွားမော့ရဲ့ဒီကနေ့ကျရောက်တဲ့မွေးနေ့ပွဲကြီးမှာ ပိုင်နျန်ကျွန်းတခုလုံး ချိမ့်ချိမ့်သဲစည်ကားနေတော့သည်။

နေ့ကောင်းရက်သာလည်းဖြစ်တာကြောင့် မိုးရွာပြီးခါစအချိန် ကောင်းကင်ယံထက်မှာလည်း ခုနစ်ရောင်ခြယ်သက်တန့်ကြီးက ငွားငွားစွင့်စွင့်ထွက်ပေါ်နေ၏။ အရောင်အသွေးစုံလင်သောဥဒေါင်းငှက်တွေကလည်း ကခုန်ပျော်ရွှင်နေကြပြီး လှပသော့မင်ကွင်းတစ်ရပ်ကို aဖာ်ကြူးနေပေသည်။

ကူချင်းက ပြတင်းပေါက်နားမှာ တညလုံးထိုင်နေခဲ့တာဖြစ်ပြီး နေထွက်လာချိန်မနက်ခင်းအရောက်မှာတော့ သူ့မျက်လုံးတွေရီဝေဝေဖြစ်နေသည်။

သူ့အတွေးတွေထဲမှာ ဝေခွဲမရဖြစ်နေသောကိစ္စရပ်များနဲ့ တခြားသောအရာပေါင်းများစွာကို မြူမှုန်များကြားကနေ အလင်းတန်းတခုမြင်ရသလို ကွက်ကွက်ကွင်းကွင်းသူနားလည်သွားပြီ။

နားနေဆောင်ရှေ့မှာလည်း ဧည့်သည်ပေါင်းသောင်းခြောက်ထောင်က တ်စယောက်ပြီးတစ်ယောက်ဖြတ်ဖြတ်သွားနေကြသည်။ ဒါပေမဲ့ တိတ်တဆိတ်ပဲဖြတ်သန်းသွားလာကြ၏။ တံခါးပေါက်မှာစောင့်သောအစေခံငယ်ကတော့ ဘာဆက်လုပ်ရမလဲသေချာမသိတော့ပေ။ သူမက ကူချင်းကိုအဝတ်အစားကူလဲပေးဖို့ အိပ်ခန်းအပြင်မှာရပ်စောင့်နေရတာ အတော်ကြာပြီဖြစ်သည်။

ထို့နောက် ချောက်ခနဲအသံနဲ့အတူ တံခါးချပ်ကရုတ်တရက်ပွင့်လာ၏။ ထိုအခါ တချိန်လုံးပျင်းရိသမ်းဝေနေကြတဲ့အစေခံတွေအားလုံးလည်း လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။ ထွက်လာသောလူငယ်ရဲ့အသွင်ပြင်ကိုမြင်ရချိန်မှာတော့ သူတို့ပိုပြီးအံ့အားသင့်သွားကြတော့၏။

မသေမျိုးသခင်လေးက အဖြူစွတ်စွတ်ဝတ်ရုံနဲ့ ကြေးနီရောင်တိမ်တိုက်သဏ္ဍာန် ခါးစည်းပြားကိုဝတ်ဆင်ထားသည်။ သေသပ်လှပသောခြေတံရှည်မှာ အနက်ရောင်လင်းလုံဖိနပ်ကိုဆင်မြန်းထား၏။

လွန်ခဲ့တဲ့ရက်အနည်းငယ်က အပျင်းတစ်နေတဲ့ ကူချင်းနဲ့တောင်တခြားစီပင်။ ခုမှပဲ သူ့ရဲ့ပုံစံက တာ့ကျဲတောင်သခင်သုံးယောက်ထဲက အငယ်ဆုံးအမတအရှင်နဲ့ တူတော့သည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now