Ch-46

162 9 0
                                    

Unicode
...
Hidden god shen yin
The last immortal - ၄၆
...

"မြေခွေးအရှင်က သိပ်ကိုအမြင်စူးရှတာပဲ!။"

အနက်ရောင်မြူခိုးကြားကလူဟာပြုံးလိုက်သည်။

"ဘာလဲ? နတ်ဆိုးစွမ်းအင်ကို ေကြောက်နေတာလား?။ အမယ် မြေခွေးအရှင်လိုလူမျိုးကလည်း ကြောက်တတ်တဲ့အချိန်ရှိနေသေးတယ်ပေါ့!"

"ပါးစပ်ပေါက်ပိတ်ထားစမ်း! နင်ကဘယ်သူမို့လို့ ငါအရှင်ရဲ့လမ်းကိုလာ တားဆီးနေရတာလဲ?"

ချန်းချင်က သေချာစူးစိုက်ကြည့်လိုက်ပြီးတဲ့နောက် သူမရင်တွေဗလာင်ဆူလာသည်။ ဒီနတ်ဆိုးရဲ့ရည်ရွယ်ချက်က သူမကိုကျီယွဲ့တောင်ဆီမရောက်စေဖို့မှန်းသော ချန်းချင်ရှင်းရှင်းလင်းလင်းသိ၏။

"မြေခွေးအရှင်က အခုပါးနပ်ဟန်ဆောင်နေတာနဲ့မတူဘူးလား?။ မိစ္ဆာလောကကလူတိုင်း မြေခွေးအရှင်ရဲ့ ဉာဏ်ရည်ထက်မြက်ပုံကို ချီးကျူးလေးစားတတ်ကြတယ်လေ! ဒါပေမဲ့ အခုကျ ပုံရိပ်ယောင်လေးတစ်ခုရဲ့ဇစ်မြစ်ကိုတောင်မဖော်ထုတ်နိုင်တော့ပါလား?"

"နင်က ငါအရှင်ကို လာပြီးဝေဖန်နေတာလား?"

ချန်းချင်သေချာစဉ်းစားကြည့်ပေမဲ့လည်း ဒီလူနဲ့ရန်ငြိုးဟောင်းရှိခဲ့မရှိခဲ့ လုံးဝတွေးမရပေ။ ထို့အတူ ပုံရိပ်ယောင်ရဲ့စကားသံတွေက သရော်ဟန်အပြည့်နဲ့ စက်ဆုပ်စရာကောင်းသည်။

"မြေခွေးအရှင်က မေ့လွယ်တဲ့လူဆိုတော့ ပုံရိပ်ယောင်ပြတာတောင်မမှတ်မိတာ သာမန်ကိစ္စလေးတစ်ခုပါပဲ။ ဒါပေမဲ့ ဒီနတ်ဆိုးကတော့ မြေခွေးအရှင်ရဲ့နှစ်ပေါင်းများစွာ နေ့နေ့ညညကြင်နာယုယပေးခဲ့မှုတွေကို တနေ့မှမေ့မရခဲ့ဘူး။ မေ့ဖို့လည်းမရဲပါဘူး"

အနက်ရောင်မြူခိုးများကြားက ကောက်ကျစ်သောလူရဲ့စကားသံအဆုံး မြူတွေလည်း တဖြေးဖြေးပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်ရဲ့အသွင်သဏ္ဍာန်ပေါ်လာသည်။ ဒီမျက်နှာကိုချန်းချင်ရင်းရင်းနှီးနှီးမြင်ဖူးသည်။ သို့သော် ရှေ့က နတ်ဆိုးအရှိန်အဝါတွေကွယ်ထားသည်မို့ မြင်ရသူတိုင်းအဖို့တော့ ကြောက်မက်ဖွယ်အတိပင်။

"နင်ပဲ!!"
ချန်းချင်အော်လိုက်သည်။

''နင်ဘယ်လိုထွက်လာနိုင်တာလဲ?"

The Last Immortal, Hidden God (Myanmar Translation)Onde as histórias ganham vida. Descobre agora