Ch-33 p2

226 22 0
                                    

Hidden god shen yin
Chapter (33) part 2
.....

"ဟိုအရင်တုန်းကဆိုရင် ကွေ့ရှူးတောင်မှာပန်းတွေအပြည့်ပဲ။ ခုလို အထီးကျန်စရာနေ့ရက်တွေရောက်လာမယ်လို့ ငါတခါမှကိုမတွေးခဲ့ဖူးဘူး။ မင်းတို့က ငါဒီမှာနှစ်ရာချီနေရတဲ့အတောအတွင်း ပထမဆုံးလာတဲ့ဧည့်သည်နှစ်ယောက်ပဲ။ ငါ လူငယ်တွေတော်တော်များများကို အရင်တုန်းကသိကျွမ်းခဲ့ဖူးတယ်။ ဒါပေမဲ့ ငါ့ရဲ့လက်ရှိအခြေအနေပုံစံနဲ့ မင်းတို့ကိုတွေ့ရတာ ငါရှက်လဲရှက်မိပါရဲ့..."

ကျင်းကျောက်က ခဏရပ်ကာကူချင်းကို ကြည့်လိုက်သည်။

"ဒီဖီးနစ်သစ်ပင်ကြီးက ဒုတိယအစ်ကိုတော်ကျင်းကျန်းကိုမွေးတုန်းကပေါ်ပေါက်ခဲ့တာဆိုတော့ နှစ်သုံးသောင်းကျော်သက်တမ်းရှိနေပြီ။ ဖုန့်မျိုးနွယ်တွေဆီမှာ ရှိနေတဲ့အပင်ကနေ အစ်ကိုတော်အတွက် မွေးနေ့လက်ဆောင်အဖြစ်ရခဲ့တာပေါ့။
အခု ငါမင်းတို့ကို ဖုန့်ယင်ရဲ့ဝိဉာဉ်ကိုပြန်ယူခွင့်ပေးမယ်။ ဒါပေမဲ့ မင်းတို့ဘက်က အပင်ကြီးရဲ့အမြစ်နဲ့နှလုံးသား ဗဟိုချက်ကိုလုံးဝမထိခိုက်စေရပါဘူးလို့ ငါ့ကိုကတိပေး"

ဒုတိယမင်းသားကျင်းကျန်းဟာ လောကကြီးအတွက်စစ်မြေပြင်မှာ အသက်စွန့်တိုက်ပွဲဝင်ခဲ့သော အာဇာနည်တစ်ဦးပင်။ ဒါတွေဟာ ဖုန့်ရန်ရဲ့ရီဝေဝေအကြည့်တွေနဲ့ သူကိုယ်တိုင်ကြားခဲ့ရတာကြောင့် ကူချင်းယုံကြည်ပါသည်။ ကျင်းကျောက်ရဲ့စကားကိုကြားတော့ ကူချင်းအစပိုင်းတွေဝေနေပေမဲ့ ချက်ချင်းကတိပေးလိုက်၏။

"မင်းသမီး, မစိုးရိမ်ပါနဲ့။ ကျွန်တော်ဖုန့်ယင်ရဲ့ဝိဉာဉ်ကိုပဲပြန်ယူမှာပါ။ ဖီးနစ်သစ်ပင်ကြီးကို လုံးဝမထိခိုက်စေရဘူးလို့ ကျွန်တော်ကတိပေးပါတယ်"

"အင်း...မင်းကသုံ့ဟွာရဲ့တပည့်ဆိုတော့လဲ ငါယုံကြည်ပေးရမှာပေါ့"

ကျင်းကျောက်ကပြောပြီးနောက် လမ်းဖယ်ပေးလိုက်သည်။

"ဖုန့်ယင်ရဲ့ဝိဉာဉ်ကိုရပြီးရင် မြန်နိုင်သလောက်မြန်မြန်ပြန်ပါ။ ဒီတောင်က လူသူအရောက်အပေါက်အရမ်းနည်းပြီး ကွယ်ပျောက်နေတာကြာပြီဆိုတော့ ငါ့ဘက်ကမင်းတို့ကိုကောင်းကောင်းဧည့်မခံနိုင်မှာစိုးမိတယ်"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now