Ep-34 p2

288 19 2
                                    

Unicode
...
Hidden god shen yin
Chapter (34) Part 2
...

ကျင်းကျောက်ရဲ့ဓားကိုင်ထားသောလက်တွေတဖြေးဖြေးတုန်ယင်လာ၏။ ဒီကလေးကို လွန်ခဲ့တဲ့နှစ်တစ်ရာက တာ့ကျဲတောင်မှာ သူမတွေ့ခဲ့ဖူးပါသည်။

တုန်ယင်လာသောလက်နဲ့အတူ နှစ်ဖက်ကြားပြင်းထန်နေသော အပြိုင်စွမ်းအားနှစ်ခုက အချိန်ကြာလာတော့ မှေးမှိန်သွား၏။

"ငါ့ရဲ့အစ်ကိုတော်က စစ်မြေပြင်မှာ အသက်ဆုံးခဲ့ရတာ!။ ဒီအပင်က အစ်ကိုတော်နောက်ဆုံးချန်ခဲ့တဲ့ အမှတ်တရပစ္စည်းပဲ! သူ့အတွက်ဆိုပြီး ဒီအပင်ကိုငါထိန်းသိမ်းလာခဲ့ပေမဲ့ နသင်ပြောစမ်း! ငါဘယ်လိုများ ဒီမကောင်းဆိုးဝါးကိုခွင့်လွှတ်နိုင်မှာလဲ?"

ကျင်းကျောက်က စကားကိုတလုံးချင်းဖိပြောပြီး ကူချင်းကိုတည့်တည့်ကြည့်နေသည်။

"မင်းသမီး စိတ်ထိန်းပါ! ဒုတိယမင်းသားက ပထမစစ်ပွဲမှာဆုံးပါးသွားခဲ့ပြီဆိုပေမဲ့ သူ့ရဲ့ဝိဉာဉ်ရောင်စဉ်တန်းလေးက ဧကရာဇ်ဖုန့်ရန်ရဲ့ ဘေးမှာရှိနေဆဲပါပဲ!"

ထိုအခါ ကျင်းကျောက်က ဆတ်ခနဲမော့ကြည့်ပြီး ပြောစရာစကားတွေပျောက်ကုန်၏။

"မင်း ဘာပြောတာလဲ? ငါ့...ငါ့အစ်ကိုတော်ရဲ့ဝိဉာဉ်က ခုထိရှိနေသေးတယ်လား?"

ကျင်းကျန်းသေသွားပြီးတဲ့နောက် ရှီးလုံဧကရာဇ်နဲ့ ဧကရီဝူဟွမ်းဟာ ဝိဉာဉ်အပိုင်းအစရှိလို့ရှိငြားမြေလှန်ရှာခဲ့ပေမဲ့ သူတို့ဘာမှမတွေ့ခဲ့ရပေ။ ဒါကြောင့် ရုပ်အလောင်းကိုသာ သယ်ပြီးပြန်ခဲ့ရသည်။

ကူချင်းက ကျင်းကျောက်အားခေါင်းညိမ့်ပြလိုက်၏။

"ဒုတိယမင်းသားဘယ်ချိန်မှပြန်မွေးဖွားလာမလဲမသိရပေမဲ့ သူက ဖီးနစ်မျိုးနွယ်စုမှာရှိနေတာ! သူကိုယ်တိုင်ကလည်းနဂိုထဲက ဖီးနစ်မျိုးနွယ်ပဲလေ!( စိတ်ပုတ်တဲ့ဧကရီဝူဟွမ်းက ဖီးနစ်ငှက်ပါ) ။ အခုလို ဝူးထုံကျွန်းက ဧကရာဇ်ဖုန့်ရန်ဆီမှာရှိနေတာ သူ့အတွက်ပိုကောင်းလိမ့်မယ်!"

"ဒီလိုတည်ရှိရတာကို ငါ့အစ်ကိုတော်က လိုလိုလားလားကောရှိပါ့မလား?"

ကျင်းကျောက်က တပွစိစိပြောနေ၏။

"တကယ်လို့ ဒုတိယမင်းသားသာ အနှေးနဲ့အမြန်ပြန်မွေးဖွားလာမယ်ဆိုရင် မင်းသမီးက ဖီးနစ်သစ်ပင်နှလုံးသားကိုစားမိတဲ့အားကျိုကိုခွင့်လွှတ်ပေးနိုင်မလား?"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now