Ch-41

181 13 0
                                    

Unicode
...
Hidden god shen yin
The last immortal - ၄၁

"လင်ကျွမ်းရှန်းကျွင်း, ဒီမှာရှိနေတဲ့လူတွေအားလုံးက နတ်လောကသားတွေချည်းပါပဲ!။ ခင်ဗျားအနေနဲ့ ခုလိုလူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ထိပါးစော်ကားနေတာမျိုးက ဖြစ်သင့်ရဲ့လား?။ ခွန်းလွန်တောင်က အမြဲတမ်းဖြောင့်မတ်မှန်ကန်အောင်နေတယ်။ ကြည့်ရတာပေါ်တိအိမ်တော်က ခင်ဗျားကိုအပြုအမူအနေအထိုင်ယဉ်ကျေးဖို့ သင်ကြားမပေးခဲ့ဘူးထင်တယ်"

လျန်ရှီးက ကူချင်းရှေ့ကနေရပ်ကာပြောလိုက်သည်။

လျန်ရှီးနဲ့လင်ကျွမ်းဟာ အမြဲတမ်းတစောင်းစောင်းတမဲမဲဖြစ်နေကြပြီး ခုလိုရန်ဖြစ်တာမျိုးက သူတို့ရဲ့ပထမဆုံးအကြိမ်တော့မဟုတ်ပါချေ။ ဒါပေမဲ့ ခုတစ်ခါမှာတော့ ဘုမသိဘမသိကူချင်းကအသားလွတ် အပြောခံလိုက်ရတာကြောင့် လျန်ရှီးအားနာမိ၏။

"ဖြောင့်မတ်ပါတယ်ဆိုတဲ့ ခွန်းလွန်တောင်ကလူဆို! မင်းဘာကိစ္စ ကလေကဝတွေကို အဖော်ခေါ်ခေါ်နေရတာလဲ? မင်းဒါ ပိုင်နျန်ကျွန်းကို မလေးစားရာကျတယ်မဟုတ်ဘူးလား?"

လင်ကျွမ်းဟာ အောင်နိုင်သူအပြုံးနဲ့ လျန်ရှီးနောက်မှာရှိသောကူချင်းအား ပုတ်ခတ်လိုက်သည်။

"ငါ့လိုသခင်လေးက နတ်လောကမှာနှစ်ပေါင်းများစွာကျင်လည်နေခဲ့တာ။ ဒါပေမဲ့ မင်းနောက်က လူစိမ်းရဲ့သရုပ်မှန်ကိုတော့ ငါတခါမှမတွေ့ဖူးဘူး။ "

သူကပြောပြီးတဲ့နောက် ဘေးနားက ရွှမ်းချဲ့ဘက်ကိုလှည့်လိုက်သည်။

"ရွှမ်းချဲ့ရှန်းကျွင်း, မင်းရောဒီလူကိုမြင်ဖူးရဲ့လား?''

လင်ကျွမ်းရောရွှမ်းချဲ့ရောက ဟွားရှုကိုပိုးပန်းဖို့လာကြတာမှန်ပေမဲ့ မောက်မာပြီး သူတပါးကိုနှိမ့်ချဆက်ဆံတတ်တဲ့အကျင့်ကတော့ တူကြသည်။

ရွှမ်းချဲ့ကချက်ချင်းပဲ ခေါင်းခါပြလိုက်၏။

"လင်ကျွမ်းရှန်းကျွင်း, ဒီလူကိုကျွန်တော်တစ်ခါမှမမြင်ဖူးဘူး!"

ကူချင်းက တားမြစ်ချိုင့်ဝှမ်းကနေ လွတ်မြောက်ပြီးနောက် နတ်လောကသားတွေနဲ့ အဆက်ဆံသိပ်မရှိသေးပေ။ သုံ့ဟွာအထက်ဘုံတက်ခြင်းကို လာရောက်ဂုဏ်ပြုပေးကြသောတချို့အိမ်တော်ဂိုဏ်းများကိုသာ သူမြင်ဖူးထား၏။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now