Ch-13 Part2

279 22 0
                                    

Unicode
.....

Hidden god shen yin
Chapter(13) part 2
...

ရှောင်ဖုန့်ကျွင်းသည် နှစ်ထောင်ချီကြာမှ ဖုန့်မျိုးနွယ်မှာပေါ်ထွက်ခဲ့ရသောဆက်ခံသူမိသားစုဝင်ဖြစ်၏။ ဖုန့်ရန်လိုပဲ စွမ်းအားမြင့်ကာ ဖီးနစ်နတ်ဘုရားမရာထူးနဲ့ထိုက်တန်သူလည်းဖြစ်သည်။ ဖုန့်ရန်ငယ်ငယ်ကဆိုလျှင် ထျန်းဟေယက်ဝူဟွမ်းရဲ့ နှင်ထုတ်မှုကိုခံခဲ့ရပြီး ခြေဦးတည့်ရာလျှောက်သွားနေခဲ့ရ၏။

ဒီလို သူမရဲ့ဘဝပေးအခြေအနေခက်ခဲမှုကြောင့် ပိုမိုရုန်းကန်ခဲ့ရကာ ကိုယ့်ဒူးကိုယ်ချွန်ရင်း ဒီအခြေအနေထိရောက်လာခဲ့တာဖြစ်သည်။ ဒါကြောင့် သူမဘဝမှာ အကြီးတွေကိုမုန်းတီးမိတာပင်။ အခုတော့ ရှောင်ဖုန့်ကျွင်းလေးကိုရခဲ့ပြီ။ ထို့ကြောင့် သူမအနေနဲ့ ရှောင်ဖုန့်ကျွင်းကို သေသေချာချာလေ့ကျင့်ပေးပြီး ဖုန့်မျိုးနွယ်နဲ့ကောင်းမွန်သောဆက်ဆံရေးရှိစေချင်သည်။

သို့သော် ဖုန့်ရန်လည်းမှားတာပါပဲ။ နောက်ပြီး သူမလင်ရှန်းမှာတုန်း မူးမူးနဲ့စကားကြီးစကားကျယ်တွေပြောခဲ့မိချိန်က ဖုန့်ယင်လည်း မမွေးဖွားရသေးပေ။ ချန်းချင်ဟာ ဘယ်လိုကြောင့်များ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာက အပြောင်အပျက်စကားကိုမှတ်မိနေရသေးတာလဲ?။

ဖုန့်ရန်ဟာ ချန်းချင်ရဲ့လက်ဝါးထက်ကငွေပုတီးစေ့ကိုကြည့်ကာသရော်လိုက်သည်။

"ချန်းချင်ရယ်...ငါ့ရဲ့ဖုန့်ယင်လေးက နင်တို့မြေခွေးမျိုးနွယ်ကိုတော့ အသာလေးအနိုင်ယူလို့ရပါတယ်။ ဒါမျိုးက ငါ့အတွက်တော့ ပေါ့ပေါ့ပါးပါးလေးပဲ။ နင်လည်းခုနက ရေနဂါးမိစ္ဆာတွေကိုနှိမ်နင်းနိုင်ခဲ့တယ်လို့ပြောတယ်မလား?။ ဒီလိုအတိုက်အခိုက်ကျွမ်းတဲ့လူမျိုးက ဖုန့်ယင်လေးကိုကာကွယ်ပေးရင်သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ ငါကြောက်တာက မျိုးနွယ်နှစ်ခုသာပေါင်းစည်းခဲ့ရင် နင်တို့ မိစ္ဆာတောင်ကြောရဲ့ အလုပ်တွေ ငါ့ကိုပါပိနေအုံးမယ်!"

ချန်းချင်ကတော့ ဖုန့်ရန်ရဲ့သရော်စကားတွေကို စိတ်မပျက်ပါချေ။ ထို့နောက် နောက်လိုက်ဖြစ်သူ ရင်ကျိုးကိုစေလွှတ်ကာ အကြီးအကဲဖုန့်ယွင်ထံ အကြောင်းကြားစေလိုက်၏။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now