Ch-42

122 11 0
                                    

Unicode
....
Hidden god shen yin
The last immortal - ၄၂

ဟွားမော့အံ့အားသင့်သွား၏။ ကူချင်းက သူ့ကိုခုလိုကြီးတိုက်ရိုက်ပြောလာမည်ဟုသူထင်မထားခဲ့ပေ။ တကယ်တမ်းလည်း ကူချင်းဟာ ပိုင်နျန်ကျွန်းအပေါ်မျက်နှာသာပေးခဲ့တာမို့ သူ့ဆရာရဲ့စည်းကမ်းတွေကိုချိုးဖောက်ခဲ့တာမှန်သည်။ သူကအခုပြန်တောင်းပြီဆိုမှတော့ ဟွားမော့က ငှားထားသည့်အရာအားပြန်ပေးရတော့မည်။ ဒါကြောင့် ဟွားမော့က သူ့မျက်ဝန်းထဲက စိမ်းသက်သက်အကြည့်ကိုဖုံးကွယ်ကာပြုံးလိုက်၏။

"ဒါပေါ့! ငါ့တူရဲ့။ ဒီရောက်နေတာကမင်းရဲ့နတ်မှော်ထီးပဲလေ။ ပြသနာတွေလဲဖြေရှင်းပြီးပြီဆိုတော့ ပစ္စည်းပြန်ပေးဖို့အချိန်ကျလာပြီ။ ဒါပေမဲ့ကွာ..အခုလောလောဆယ် ထီးကရှုအာ (ဟွားရှု)လက်ထဲမှာ။ သူတကယ်လို့ အဆင်ပြေတဲ့အချိန်ရောက်တဲ့အခါ ငါ့တူကြီးဆီလာတွေ့ခိုင်းလိုက်ပါ့မယ်"

"နားလည်ပေးဖို့ကျေးဇူးပါအရှင်မင်းကြီး"

ဟွားမော့က အိုးတိုးအန်းတန်းဖြစ်မသွားတာကိုမြင်မှကူချင်းလည်းစိတ်အေးလက်အေးသက်ပြင်းချနိုင်တော့သည်။

"နောက်ထပ်ကျွန်တော်ပြောစရာတစ်ခုထပ်ရှိနေပါသေးတယ်။ ဒါက...ကျွန်တော့်အနေနဲ့ပြောသင့်ရဲ့လားတောင်မသိဘူး!"

"ငါ့တူကြီးအဆင်ပြေသလိုပြောပါ"

"အရှင်မင်းကြီး, မိစ္ဆာတွေရဲ့သဘောသဘာဝက တိုက်ရခိုက်ရ သတ်ဖြတ်ရတာတွေကိုခုံမင်တတ်တဲ့သဘောရှိတယ်။ ဒါကြောင့်မလို့လဲ စစ်ပွဲကိုဖန်တီးဖို့ ဘယ်လောက်ခက်ခဲနေပါစေကြိုးစားကြတာလေ။ အခု လင်းယုန်မျိုးနွယ်နဲ့ ဥဒေါင်းငှက်မျိုးနွယ်ကလည်းနှစ်ပေါင်းများစွာစစ်ပွဲဆင်နွှဲလာခဲ့တာဆိုတော့ နှစ်ဖက်စလုံးမှာအထိအခိုက်အပျက်အစီးတွေများတယ်။

လင်းယုန်ငှက်ဘုရင်ကလည်း စစ်ပွဲကိုအညံ့ခံလိုက်ပြီဆိုတော့ ဘာလို့ဆယ်နှစ်တာ စစ်ပြေငြိမ်းရေးစာချုပ်ကိုပဲ ချုပ်ရတာလဲ?။ မျိုးနွယ်စုနှစ်ခုကြား ထာဝရငြိမ်းချမ်းရေးယူလိုက်ရင်အားလုံးအတွက် ပိုအဆင်မပြေနိုင်ဘူးလား?"

ဟွားမော့က အခါးရည်ကိုငုံ့သောက်နေရင်း ကူချင်းစကားကိုကြားတော့ လက်ကဆတ်ခနဲတုန်သွား၏။ ထို့ကြောင့် သူခေါင်းပြန်မော့လာချိန်မှာတော့ သူ့မျက်လုံးထဲစိတ်မရှည်မှုတွေထင်ဟပ်နေသည်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now