Ch-43

123 6 0
                                    

Unicode
....
Hidden god shen yin
The last immortal - ၄၃
....

ဟွားရှုတွေဝေနေတာကိုမြင်တော့ ဟွားမော့ကဆက်ပြောလိုက်သည်။

"ပြီးတော့ ကူချင်းရဲ့ပုံစံကငယ်ရွယ်သေးပေမဲ့ အလားအလာကောင်းရှိတဲ့လူငယ်တစ်ယောက်မှန်း အဖေတချက်ကြည့်ရုံနဲ့သိတယ်။ သူကအနာဂတ်မှာ တောက်ပလာမဲ့လူမျိုးပဲ။ တောင်သခင်တစ်ယောက်ဖြစ်မလာဘူးလို့တောင် ပြောမရဘူးလေ! ဒီလို နတ်လောကမှာကျော်ကြားတဲ့ တာ့ကျဲတောင်တပည့်တစ်ယောက်ကို လက်ထပ်ခွင့်သာရရင့အဖေတို့ ပိုင်နျန်ကျွန်းက မျက်နှာပွင့်တော့မှာ!"

လန်ဖုန့်ရှန်းကျွင်းဟာ ဖုန့်ရန်ရဲ့ရွေးချယ်မှုအရ ကောင်းကင်ဧကရာဇ်ရာထူးအတွက် လျာထားခံရတာမှန်ပေမဲ့ နတ်မှော်ထီးကိစ္စနဲ့ပက်သက်ပြီး ဖုံးကွယ်လိုတာကြောင့် ကူချင်းကိုသားမက်ရာထူးပေးချင်နေတာဖြစ်၏။

သို့သော် ဟွားရှုကတော့ခေါင်းကို တွင်တွင်ခါပြီးအပြတ်ငြင်းလိုက်သည်။

"ဖေဖေ, ရှုအာနဲ့ ကူချင်းက တစ်ခါနှစ်ခုပဲတွေ့ဖူးသေးတာဆိုတော့သူ့ရဲ့အကျင့်စရိုက်ကို မခန့်မှန်းတတ်ဘူး!။ အဖေပြောသလို သူကဖြူစင်တယ်၊ ရိုးသားပြီးထက်မြက်တဲ့လူမျိုးဆိုပေမဲ့ အပျင်းထူတယ်!!။

ပြီးတော့ တာ့ကျဲတောင်လိုနေရာက သုံးလောကရဲ့ဘာအရေးကိစ္စကိုမှဂရုမစိုက်ဘဲ သီးသန့်နေတတ်တာ! ရှုအာအထင်တော့ တာ့ကျဲတောင်နဲ့ဆွေမျိုးစပ်ခွင့်ရမယ်ဆိုရင် ဖုန့်မျိုးနွယ်(ဖီးနစ်)တွေနဲ့ အနာဂတ်မှာ တန်းတူလိုက်နိုင်ရုံပဲရမှာပေါ့!"

ဟွားရှုက ပြတင်းပေါက်နားကိုလျှောက်သွားပြီး လန်ဖုန့်ရှန်းကျွင်းလျှောက်သွားရာနေရာကို မျှော်ငေးလိုက်သည်။

"လန်ဖုန့်ကတော့ သူနဲ့မတူဘူး!။ သူက ဧကရာဇ်ဇာတာနဲ့မွေးဖွားလာတာ!။ အခု ဖုန့်ရန်ရဲ့ဆန္ဒအရသာဆိုရင် ကောင်းကင်မင်းကြီးနေရာက သူ့အတွက်ပဲ!။ ဒါကြောင့် ဖုန့်ရန်သာ အထက်ဘုံတက်လှမ်းသွားခဲ့ရင် ထီးနန်းက လန်ဖုန့်လိုလူနဲ့မှ သင့်တော်တာမဟုတ်လား?။

အဲ့အချိန်မှာ ကျွန်မက ဧကရီနေရာကို အသာလေးရယူနိုင်လိမ့်မယ်!။ ဖေဖေ, ဥဒေါင်းငှက်တွေက နတ်လောကရဲ့ငှက်မျိုးနွယ်တွေကြားမှာ သြဇာအာဏာအရှိဆုံးဖြစ်ပါလျက်နဲ့ ဘာကိစ္စကြောင့်များ ဖီးနစ်မျိုးနွယ်တွေရှေ့ခေါင်းငုံ့နေရမှာလဲ?။ ကျွန်မရဲ့မျိုးနွယ်သားတွေကို ခုလိုဘဝမျိုးကနေရုန်းထွက်စေချင်တယ်။

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now