Ch-11 part1

318 26 0
                                    

Unicode
....
Hidden god shen yin
Chapter (11) part 1

လောကကြီးမှာရှိတဲ့ ဘယ်အမျိုးသမီးမဆို ပိုင်ဆိုင်ထားသည့်အရာကိုတော့ ကြွားဝါလိုစိတ်ရှိကြသည်။ ဥပမာ ဘယ်အမျိုးကောင်းသားကို သူတို့လက်ထပ်ထားပါသည်ဆိုတာမျိုးပေါ့။ နောက်တခုကတော့ သူတို့ကလျို့ဝှက်ချက်တွေထားရတာလည်းကြိုက်တတ်ကြ၏။ များသောအားဖြင့် သူတို့ရဲ့အသက်အမှန်အာ းပြောပြရသည်ကိုမနှစ်မြို့ကြချေ။

မသေမျိုးတွေဟာ အသက်ရှည်ရှည်နေကြရပြီး ထာဝရနုပျိုနေကြသူများလည်းဖြစ်သည်။ နှစ်ရာချီ ထောင်ချီနေရင်တောင် ဒါဟာမပြောပလောက်သည့် အသက်အရွယ်ကြီးရင့်မှုဟုပြေညနိုင်၏။ ထို့အပြင်မိန်းကလေးတို့သဘာဝအတိုင်း လူအများရဲ့ချီးကျူးပြောဆိုခြင်းကို နှစ်သက်တတ်ကြသည်။ အထူးသဖြင့် လောကမှာကျော်ကြားသောအလှပဂေးများက ပိုသဘောကျတတ်၏။

ကူချင်းက အမြဲတမ်းဆိုသလို ရွှတ်နောက်နောက်ပြောတတ်သည့်အကျင့်ရှိသည်။ ဟွားရှုဟာဝတ္တရားအရသာ ကူချင်းကို ခန်းမအပြင်ဘက်နေဖိတ်ကြားခဲ့ပေမဲ့ တချက်လေးတောင်ငဲ့စောင်းမကြည့်ပေ။ သူမရဲ့ ကောင်းမွန်သော ဂုဏ်သရေကိုထိန်းသိမ်းရန်အတွက်သာ ယဉ်ယဉ်ကျေးကျေးပြုမူခဲ့တာဖြစ်၏။

ကူချင်းရဲ့စကားကိုကြား၍ မှင်သက်အံ့သြနေသော အမျိုးသားထုကြီးလဲ ခန်းမထဲအပြည့်အနှက်ပင်။

သုံ့ဟွာရဲ့ တပည့်တစ်ယောက်ဟာ ဒီလိုအပြောအဆိုမတတ်သည်ဆိုတာမျိုးက သိပ်ကိုရှက်ဖွယ်ရာကောင်းသည်။ ဟွားရှုကိုများ သူ့ထက်အသက်ကြီးသည်ဟု လူကြားထဲမှာမဆင်မခြင်ထုတ်ပြောသည်တဲ့။ ဒီတော့ ခန်းမထဲထိုင်နေတဲ့လူတွေလည်း တီးတိုးတီးတိုးဖြစ်သွားကြသည်။ သူတို့လိုချင်မိတာ လှပချောမောတဲ့ဇနီးလောင်းလေ။ ဘယ့်နှယ် အသက်ကြီးကြီးအိမ်ရှင်မ ဖြစ်နိုင်မှာလဲ?။

နောက်တဖြေးဖြေးနဲ့ လူအားလုံးစကားသံတွေရပ်တန့်သွားပြီး ဟွားရှုနဲ့ကူချင်းရဲ့အခြေအနေဟာ တင်းမာလာတာမှန်းရိပ်မိနေကြ၏။ ကူချင်းကတော့ ဘုမသိဘမသိနဲ့ ဟွားရှုရဲ့အလှကိုငေးမောကာ ခုချိန်တွင် ဆယ်ပေါင်လောက်လေးတဲ့ ကို့ရို့ကားယားအခြေအနေတခုကိုရင်ဆိုင်နေရမှန်း နားမလည်ချေ။(Tn-ဆယ်ပေါင်လောက်လေးတဲ့အလေးချိန်ဆိုတာက ခေါင်းပေါ်ပုံကျလာတာကိုပြောတာပါ။ ပြဿနာက စုပြုံလာတာမျိုး။)

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now