Ch-34

472 35 0
                                    

Hidden god shen yin
Chapter (34) Part 1
....

ပြောစရာမလိုအောင်ပင် ချောမောခံ့ညားလွန်းသည်။ တနည်းပြောရရင် ဒီလူငယ်ရဲ့ပုံစံဟာ နတ်မင်းထျန်းချီနဲ့တချို့တဝက်ဆင်တူ၏။ လူငယ်ရဲ့ပုံပန်းသွင်ပြင်ဟာ သုံးလောကမှာရှိတဲ့အမျိုးသမီးတိုင်းလိုလိုကိုတောင် ညှို့ငင်ဆွဲဆောင်နိုင်လောက်သည်အထိ ကြည့်ကောင်း၏။

ထို့ကြောင့် မြေခွေးမိစ္ဆာကနေအသွင်ပြောင်းခဲ့သောလူငယ်ဟာ ထျန်းချီရဲ့ငယ်ရုပ်လို မထီတထီ လူဆိုးကောင်လေးတစ်ယောက်ပမာ ထင်ရသည်။

အားယင်တောင်မှ ရုတ်ရုတ်သဲသဲအခြေအနေကနေ သူ့ကိုကြောင်ကြည့်နေလိုက်မိသေး၏။

"ဟမ့်! အရိုင်းအစိုင်းမြေခွေး! ငါရဲ့ရတနာပစ္စည်းကိုဖျက်ဆီးပြီးတာတောင် လေရှည်နေသေးတယ်ပေါ့လေ!။ မင်းရဲ့အတွင်းအားဝိဉာဉ်ကို ခုချက်ချင်းလွှဲပြောင်းပေးစမ်း!"

အားကျိုက ဘာကိုမှအလေးမထားသည့်ဟန်ဖြင့် ကျင်းကျောက်ဘက်ကို လှည့်ကြည့်လိုက်သည်။ သူက လက်ဖျောက်တချက်လည်းတီးလိုက်ကာ နဂိုကဖရိုဖရဲလိုဖြစ်နေသောသူ့ရဲ့ဝတ်စုံကိုပြန်ပြင်လိုက်၏။

"ဒီအဖွားကြီးကတော့ ဘာတွေလာဆူနေတာလဲ?။ ခင်ဗျားက နဂါးမျိုးနွယ်ဖြစ်နေတာနဲ့ပဲ လူစိတ်မရှိ ဆူပူနေတာလား?။ နေစမ်းပါအုံး! ခင်ဗျား ကျွန်တော့်ကိုဆူတာက ခင်ဗျားကိုယ်ခင်ဗျားကျိန်ဆဲနေတာနဲ့ တူတူပဲနော်!!

ပြီးတော့ ဒုတိယမင်းသားရဲ့မွေးနေ့လက်ဆောင်ကိစ္စက ကျွန်တော်နဲ့ဘာဆိုင်? ဒါကိုမလုပ်လဲ ခင်ဗျားတို့နတ်တွေရဲ့ပါးစပ်ဖျားမှာ ကျွန်တော်တို့လိုမြေခွေးမိစ္ဆာတွေက ရက်စက်ကြမ်းကြုတ်တဲ့အကောင်တွေပဲမလား?"

လူသာငယ်ပေမဲ့ အပြောကတော့အတော်ဆိုးသည့်မြေခွေးမိစ္ဆာပင်။

"အားကျို!"

ဒီစကားတွေကလူကြီးတစ်ယောက်အပေါ် မပြောသင့်တာမို့ အားယင်တားချင်မိသည်။ ဘေးနားကိုကြည့်တော့လဲ ထင်ထားသလိုပင် ကူချင်းကစိတ်အလိုမကျစွာ မျက်မှောင်ကြုတ်ထားလေ၏။

"ယုတ်မာတဲ့ကောင်! အရှက်မရှိတဲ့ကောင်!။ နင်တို့မြေခွေးတွေကထင်တဲ့အတိုင်း အတော်အပေါက်ဆိုးပြီး နောက်ကျောဓားနဲ့ထိုးတတ်တဲ့ မျိုးယုတ်တွေပဲ!။ ငါ့ခမည်းတော်နတ်ရွာစံခဲ့ရတာကလည်း နင်တို့မြေခွေးတွေလက်ချက်ကြောင့်မလား? ဟမ့်! ဒီနေ့တော့နင့်လိုကောင်မျိုးကို ငါလုံးဝခွင့်လွှတ်မပေးနိုင်ဘူး!!"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now