Ch-30 part2

346 28 4
                                    

Unicode
...
Hidden god shen yin
Chapter (30) Part 2
.....

လွန်ခဲ့တဲ့ရက်အနည်းငယ်က ဟုန်ရိကိုကယ်ပေးမဲ့အကြောင်း ချန်းချင်အား ကူချင်းသေချာကတိပေးခဲ့သည်။ ကူချင်းက တာ့ကျဲတောင်တပည့်လည်းဖြစ်တာကြောင့် နတ်မင်းထျန်းချီနဲ့လည်းဆက်ဆံရေးကောင်းရှိမည်ဟု အကြီးအကဲတော်တော်များများက ခန့်မှန်းခဲ့ကြ၏။

ဟုန်ရိကိုလည်းတွေ့အောင်ရှာနိုင်မယ်လို့ပဲ သူတို့ထင်ခဲ့ကြတာ။ ဒါပေမဲ့ဒီနေ့မှာတော့ ကူချင်းကလက်ဗလာနဲ့ပြန်လာခဲ့တာကြောင့် သူတို့ရဲ့မျှော်လင့်ချက်တွေအားလုံး ရိုက်ချိုးခံလိုက်ရသလိုပင်။

ချန်းမိန်ရဲ့စော်စော်ကားကားစကားကိုတွေကြားတော့ အားယင်ရန်ပြန်တွေ့ချင်ပေမဲ့ ကူချင်းကသူမကိုတားလိုက်သည်။

"အကြီးအကဲချန်းမိန်"

ကူချင်းကတရိုတသေနဲ့ပဲ ချန်းမိန်ကိုအရင်နှုတ်ဆက်လိုက်၏။ သူ့အသံဟာအရင်လို ညိမ့်ညောင်းနေဆဲပင်။

"အားယင်နဲ့ကျွန်တော် ကျီယွဲ့တောင်မှာမြေခွေး ပေါက် လေးတစ်ကောင်ကို ကယ်တင်ပေးခဲ့ပါတယ်။ ဒါပေမဲ့သူက အရှင်ချန်းချင်ရဲ့တူတော်လေးဟုတ်မဟုတ်တော့ ကျွန်တော့တို့တပ်အပ်မပြောနိုင်ဘူး"

"မြေခွေးပေါက်???"

ချန်းမိန်က ခဏကြောင်သွားပြီးတဲ့နောက်သရော်လိုက်၏။

"ငါတို့သခင်လေးက အသက်ငါးထောင်တောင်ပြည့်ပြီးသွားပြီ။ ပြီးတော့ သူ့ရဲ့အသွင်ပြောင်းပုံစံက အရွယ်ရောက်ပြီးသားအမြီးကိုးချောင်းမြေခွေးပုံစံပဲ! ဘယ်လိုလုပ်ပြီးမြေခွေးပေါက်လေးဖြစ်နိုင်မှာလဲ?"

"အမြီးကိုးချောင်းမြေခွေး??"
ကူချင်းကမျက်မှောင်ကြုတ်လိုက်ပြီး ဝေခွဲမရဖြစ်နေသည်။

"ဒါဆိုကြည့်ရတာ ကျွန်တော်တို့တွေ့ခဲ့တာက ဆက်ခံသူဟုန်ရိမဟုတ်လောက်ဘူး။ ကျွန်တော်တို့ ကျီယွဲ့တောင်မှာကယ်ခဲ့တဲ့မြေခွေးလေးက အမြီးတစ်ချောင်းပဲရှိတယ်။ အရှင်ချန်းချင်, လွန်ခဲ့တဲ့သုံးနှစ်တုန်းမှာ အရှင်တွေ့ခဲ့တဲ့မြေခွေးလေးက အရှင့်ရဲ့တူတော်လေးကောဟုတ်ရဲ့လား?"

The Last Immortal, Hidden God (Myanmar Translation)Where stories live. Discover now